ချောကလက်စားခြင်းရဲ့ အကျိုးကျေးဇူးများ

ချောကလက်လေးတွေတန်းစီ…. ချောကလက်ချစ်သူတွေအတွက် ချောကလက်ရဲ့ ကျန်းမာရေးကောင်းကျိုးလေးတွေကို ပြောပြပေးသွားမှာပါ။

လေ့လာတွေ့ရှိချက်များအရ ချောကလက် ၄၅ ဂရမ်ထက်ပိုစားပေးတဲ့သူတွေက လေဖြတ်နိုင်ချေကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ပါတယ်။

ချောကလက်ပုံမှန်စားတဲ့သူတွေက သွေးပေါင်ချိန်ကို လျော့ကျစေရုံသာမက နှလုံးကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။

ချောကလက်မှာက အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် အခြားသရေစာတွေထက် ကျန်းမာရေးကို အထောက်အကူပြုပါတယ်။

ချောကလက်စားတာက Insulin ကို တိုးများလာစေတာကြောင့် ဆီးချိုရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

Dark Chocolate မှာ ပါဝင်တဲ့ Flavonoids က နေရောင်ခြည်မှာ ပါဝင်တဲ့ UV ကို ကာကွယ်ပေးနိုင်တာကြောင့် အသားအရေအတွက် အကျိုးရှိစေပါတယ်။

ချောကလက်မှာပါဝင်တဲ့ Theobromine က ချောင်းဆိုးတာကို သက်သာစေပါတယ်။

ချောကလက်စားရင် စိတ်ကိုပျော်ရွှင်စေတာကတော့ ပြောပြနေစရာမလိုတဲ့ အချက်တစ်ချက်ပါ။

ချောကလက်က သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။

ချောကလက်က သွေးလည်ပတ်မှုကို မြှင့်တင်ပေးနိုင်ရုံသာမက အမြင်အာရုံကိုပါ ကောင်းမွန်စေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *