ချဲလ်ဆီးမှ ကွင်းလယ်လူ ဝီလီယံကို ရောင်းချမည်

ချဲလ်ဆီးနည်းပြကွန်တီအနေနဲ့ ကွင်းလယ်ကစားသမား ဝီလီယံကို လာမယ့်ဇန်နဝါရီလ အပြောင်းအရွှေ့မှာရောင်းချပြီး ပီအက်စ်ဂျီအသင်းက တောင်ပံကစားသမား လူးကပ်စ်မော်ရာကိုခေါ်ဖို့ ချိန်ထားပါတယ်။

ဘရာဇီးကစားသမားတစ်ဦးဖြစ်တဲ့ ဝီလီယံဟာ အသက် ၂၉ နှစ်ရှိပြီး အသင်းအတွက် ပုံမှန်ခြေစွမ်းပျောက်ဆုံးနေသဖြင့် အရန်ကစားသမားအဖြစ်နဲ့ ပွဲထွက်နေရပါတယ်။ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းမှာ မိုရာတာနဲ့အတူ ဟာဇက်၊ ပက်ဒရိုနဲ့ ပွဲထွက်နေပြီး၊ကွင်းလယ်မှာက ကန်တေ၊ ဖာဘရီဂတ်စ်၊ ဘာကာရိုကိုတို့ ရှိတာကြောင့် ဝီလီယံအဖို့ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေတာဖြစ်ပါတယ်။ တရုတ်စူပါလိဂ်တွေကလဲ ဝီလီယံကိုခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ပီအက်စ်ဂျီအသင်းက လာမည့်ဇန်နဝါရီလမှာ ဘရာဇီးကစားသမားတစ်ဦးဖြစ်တဲ့ လူကပ်စ်မော်ရာကို အသင်းမှာနေရာမရဖြစ်နေသောကြောင့် ရောင်းချဖို့ အစီအစဉ်ရှိကြောင်းသိရှိရသဖြင့် အပြောင်းအရွှေ့ဖြစ်နိုင်ခြေများကြောင်းသိရပါသည်။

Leave a comment

Your email address will not be published. Required fields are marked *