ခြေထောက်သန့်ရှင်းရေး၏ အရေးပါမှု

လူတွေက များသောအားဖြင့် ကိုယ်ခန္ဓာအပေါ်ပိုင်းနှင့် အလယ်ပိုင်းတို့ကို သန့်ရှင်းရေးအတွက် ပိုမိုပြီး ဂရုစိုက်ကြတာများပါတယ်။ ခြေထောက်နဲ့ ခြေသည်းတွေကို သန့်ရှင်းအောင်ပြုလုပ်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ ခြေထောက်သန့်ရှင်းမှုမရှိရင် များစွာသောကျန်းမာရေးပြဿနာတွေကို တွေ့ကြုံခံစားရနိုင်ပါတယ်။

ရှူးဖိနပ်အမြင့်တွေစီးတဲ့အခါမှာ ခြေထောက်သန့်ရှင်းရေးကို ဂရုမစိုက်မိရင် ခြေမရဲ့ ပထမအဆစ်နားမှာ ရောင်ကိုင်းလာပြီး အနာစိမ်းပေါက်တတ်ပါတယ်။

My favourite shoes. Close-up of female legs wearing red shoes while other shoes standing in the row

ခြေဖနောင့်နေရာတွေက သာမန်အားဖြင့် အသားမာတတ်ကြပါတယ်။ ဒါပေမယ့် ခြေထောက်သန့်ရှင်းမှုမရှိတာ ကြောင့် ဗိုင်းရပ်စ်ကူးစက်တဲ့အခါမျိုးမှာ ခြေဖနောင့်မှာ အသားမာတွေ တက်လာတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ခြေဖနောင့်မှာ ဆဲလ်သေတွေ စုဝေးနေတဲ့အခါမျိုးမှာလည်း အသားမာတွေ တက်တတ်ပါတယ်။ တစ်နေကုန်မတ်တပ်ရပ်ပြီး အလုပ်လုပ်တာ များတဲ့အခါနဲ့ ဖိနပ်တွေနဲ့ပွတ်တိုက်တာများလာတဲ့အခါမှာ အသားမာတက်လာပါတယ်။

ခြေထောက်က ခြေဆီထွက်တာကြောင့် သန့်ရှင်းမှုမရှိဘူးဆိုရင် ဘက်တီးရီးယားတွေကပ်ညိနေတတ်ပြီး အနံ့ဆိုးထွက်တတ်ပါတယ်။

တစ်နေ့ကိုခြေထောက်နှစ်ခါဆေးပေးခြင်းက ဘက်တီးရီးယားတွေကို သန့်စင်စေပါလိမ့်မယ်။ ခြေထောက်သန့်ရှင်းရေးမှာ ခြေသည်းလေးတွေရဲ့ သန့်ရှင်းမှုလည်း လိုအပ်တာကြောင့် ခြေသည်းလေးတွေကိုလည်း သန့်ရှင်းအောင်ထားရပါမယ်။

Leave a comment

Your email address will not be published. Required fields are marked *