ဂရိက ရွေ့ပြောင်းလုပ်သားများဝင်ရောက်ခြင်းကို လျှော့နိုင်ဖို့အတွက် နယ်စပ်လုံခြုံရေးကို တိုးမြှင့်တော့မည်

ဂရိရဲ့ Lesbos ကျွန်းတွင် လူသားချင်းစာနာထောက်ထားရေးကို ရှေးရှုကာ အရှေ့အလယ်ပိုင်ဒေသမှ ပြောင်းရွေ့လာ ကြသော ရွေ့ပြောင်းလုပ်သားများကို ကယ်ဆယ်ပေးဖို့ရန်အတွက် Moria ကယ်ဆယ်ရေး စခန်းကိုတည်ဆောက်ပေးထား ပါတယ်။ သို့သော် ဝင်ရောက်လာသော ရွေ့ပြောင်းလုပ်သားအရေအတွက်ဟာ တစ်နှစ်နဲ့ တစ်နှစ် များလာကာ ယခု နှစ်မှာတော့ အများဆုံးပဲဖြစ်ပါတယ်။ ထို့ကြောင့် ဂရိတွင် လူဦးရေထူထပ်မှု ပြဿနာဖြစ်လာတော့မှာ ဖြစ်တဲ့အတွက် ကြိုတင်ကာကွယ်ရတော့မယ့် အခြေအနေကိုရောက်ရှိသွားပြီဖြစ်ပါတယ်။

ရွေ့ပြောင်းလုပ်သားများဟာ အဓိကအားဖြစ် တူရကီဘက်မှ ဝင်လာကြတာဖြစ်တဲ့အတွက် ယခုမှစပြီး တူရကီနဲ့ နယ် စပ်မှာ ကင်းလှည့်စစ်သားအရေအတွက်ကို တိုးမြှင့်ကာ ရွေ့ပြောင်းလုပ်သားများ ဝင်ရောက်ခြင်းကို တားမြစ်တော့မှာ ဖြစ်ကြောင်း ကြေငြာချက်ထုတ်ပြန်လိုက်ပြီး ဖြစ်ပါ တယ်။

ဂရိရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးဌာန၏ ပြောပြချက်အရ ဩဂုတ်လ (၂၉)ရက် ကြာသပတေးနေ့မှာ ရွေ့ပြောင်းလုပ်သား ယောက်(၆၀၀) လောက်ကိုတင်ဆောင်ထားတဲ့ ဒါဇင်နဲ့ ချီတဲ့လှေတွေဟာကာ ကယ်ဆယ်ရေး စ ခန်းကိုရောက်ရှိလာတာဖြစ်ပြီး ထိုအရေအတွက်ဟာ ကယ်ဆယ်ရေးစခန်းစဖွင့်ကတည်းက ယခုအချိန်အထိ တစ်ခါမှ မဝင်ဖူးတဲ့ အရေအတွက်ဖြစ်ကာ အများစုဟာ အာဖကန်မိသားစုများဖြစ်ကြောင်း သိရပါတယ်။ ထို့ကြောင့် ဩဂုတ်လ (၃၁)ရက် စနေနေ့တွင် အရေးပေါ်အစည်းအဝေးခေါ်ယူကာ ရွေ့ပြောင်းလုပ်သားများနဲ့ ပတ်သတ်ပြီး တိုင်ပင်ဆွေးနွေးကာ ရွေ့ပြောင်းလုပ်သားများ ဝင်ရောက်ခြင်းကို ကန့်သတ်ရန် ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်ပါတယ်။

ဂရိအစိုးရ၏ ပြောပြချက်အရ Lesbos ကျွန်းပေါ်ရှိ ရွေ့ပြောင်းလုပ်သားအားလုံးကို ပြည်မကြီးသို့ပြောင်းရွေ့မှာဖြစ်ပြီး ရွေ့ ပြောင်းလုပ်သားများ နိုင်ငံအတွင်းနေထိုင်နိုင်တဲ့ အချိန်ကာလဟာ တစ်ကမ္ဘာလုံးမှာအကြာမြင့်ဆုံး ဖြစ်နေတဲ့ အတွက် ထိုဥပဒေကိုလည်း ပြန်လည်ပြင်ဆင်ကာ ရွေ့ပြောင်းလုပ်သားများကို သူတို့လာရောက်ခဲ့တဲ့ နိုင်ငံများသို့ ပြန်လည် ပို့ ဆောင်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ထို့အပြင် တူရကီနယ်စပ်တွင်လည်း နယ်ခြားစောင့်တပ်နှင့် ကင်းလှည့် တပ် သားများကို တိုးမြှင့်ကာ စောင့်ကြပ်ခိုင်းမှာဖြစ်ပြီး ဥရောပ သမဂ္ဂနယ်စပ်ကင်းလှည့်ရေး အေဂျင်စီဖြစ်တဲ့ Frontex နှင့် NATO တို့ကိုလည်း အကူအညီတောင်းကာ နယ်စပ်တစ်လျှောက် ရွေ့ပြောင်းလုပ်သားများကို စီစစ်သွားမှာ ဖြစ် ကြောင်း သိရှိရပါတယ်။

Source : Reuters News

Leave a comment

Your email address will not be published. Required fields are marked *