ဂရိတောမီး Evia ကျွန်းတစ်ခုလုံးကို ဝါးမျိုခဲ့

ပြီးခဲ့တဲ့ အပတ်ကစပြီး ဂရိရဲ့ ဒုတိယအကြီးဆုံးကျွန်းကြီးဖြစ်တဲ့ Evia ကျွန်းတွင် လောင်ကျွမ်းခဲ့သော တောမီးဟာ ဩဂုတ် လ ၁၃ရက် အင်္ဂါနေ့မှာတော့ မီးသတ်သမားများက ထိန်းသိမ်းနိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။ ဂရိအာဏာပိုင်များက ထိုတောမီးလောင်တော့မယ်ဖြစ်ကြောင်းကို နွေဦးကတည်းက ကြိုတင်သတိပေးထားတဲ့အတွက် သေဆုံးသူတစ်ဦးမှ မရှိ ခဲ့ပါဘူး။

၎င်းတောမီးကြောင့် Kontodespoti နှင့် Makrymalli ရွာများမှလူပေါင်း ၅၀၀လောက်ဟာ ရွှေ့ပြောင်းခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါတောမီးကြောင့် ဂေဟစနစ်ကြီး တော်တော်များများ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ တောမီးကိုတားဖို့ အတွက် မီးသတ်သမား အယောက် ၂၀၀၊ မီးသတ် helicopter ၉စီး၊ မီးသတ်လေယာဉ် ၇စီး နှင့် မီးသတ်စက်အင်ဂျင် ၇၅လုံးတို့ကို အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အပတ်အကုန်မှာ တောမီးဟာ တစ်နေရာတည်းမဟုတ်ပဲ Thassos ကျွန်းရဲ့ မြောက်ဘက်တွင်တစ်နေရာ၊ Thebes နားတွင်တစ်နေရာ စုစုပေါင်း (၃)နေရာအထိလောင်ကျွမ်းသွားသဖြင့် Athens မြို့ရဲ့ ကောင်းကင်တစ်ခုလုံးဟာ မီးခိုများဖြင့် ပြည့်သွားခဲ့တယ်လို့သိရှိရပါတယ်။ ဂရိ Evia ကျွန်းတွင် တောမီးလောင်မှုဟာ ပထမအကြိမ်မဟုတ်ပဲ ပြီးခဲ့ တဲ့နှစ်ကလည်း ယခုလိုပဲတောမီးလောင်မှုကြောင့် လူ ၁၀၀ ထက်မနည်း သေဆုံးခဲ့ရပါတယ်။

ဒေသတွင်း အုပ်ချုပ်သူ Costas Bakoyannis ၏ ပြောပြချက်အရ တောမီးကို အင်္ဂါနေ့ညတွင် အပြီးသတ်ထိန်းနိုင်ခဲ့ တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့အပတ်နောက်ဆုံးနေ့တွင် အပူချိန်ဟာ တောမီးကြောင့် ပြင်းထန်တဲ့လေပြင်းနဲ့ အတူ40C (104F) အထိမြင့်တက်သွားခဲ့ပါတယ်။ တောမီးကို ထိန်းသိမ်းဖို့အတွက် ဒေသအတွင်းရှိ မီးသတ်သမားများပင်မဟုတ်ပဲ စပိန်နှင့် အီတလီတို့ကလည်း မီးသတ်လေယာဉ်များဖြင့် ဝိုင်းဝန်းကူညီပေးခဲ့တယ်လို့ သိရပါတယ်။ ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားရေး ကော်မရှင်မှ Christos Stylianides က ခက်ခဲတဲ့အရာတွေ ကျန်ရှိနေတာဖြစ် ကြောင်း နှင့် တောမီးကြောင့် ဂေဟစနစ်ကြီးပျက်စီးဆုံးရှုံးမှု အလွန်များခဲ့ပြီးဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *