ဂီတပညာရှင်တစ်ဦး grizzly ဝက်ဝံ ကိုက်ခံရသဖြစ် သေဆုံး

အသက် ၄၄နှစ်ရှိပြီဖြစ်တဲ့ ပြင်သစ်-ကနေဒါ ဂီတပညာရှင် Julien Gauthier ဟာ ပြီးခဲ့တဲ့အပတ်က သူရဲ့အသံ Project တစ်ခုအတွက်နဲ့ တောထဲတွင် သားရဲတိရိစ္ဆာန်များ၏ အသံများကို သွားရောက်ဖမ်းယူနေရင်း grizzly ဝက်ဝံ ကိုက်ခြင်းခံရသဖြစ် သေဆုံးသွားခဲ့ရပါတယ်။ Julien Gauthier ဟာ ဇီဝဗေဒပညာရှင် Camille Toscani နှင့် Fort Providence မှ Mackenzie မြစ်ကြောင်းအတိုင်းကနူးလှေဖြင့် မိုင် ၉၃၀ ခရီးရှိတဲ့ Inuvik သို့ ခရီးထွက်ကြတာ ဖြစ်ပါတယ်။

Camille Toscani ၏ ပြောပြချက်အရ Julien Gauthier ဟာ ဩဂုတ်လ ၁၄ရက်နေ့ ညလည်ပိုင်းတွင် အသံဖမ်း ရန် အတွက် သူ၏တဲထဲမှ တစ်ယောက်တည်းထွက်သွားခဲ့တာဖြစ်ပြီး ၁၅ရက်နေ့ ကြာသပတေးနေ့ မနက်မှာတော့ သူ့ကို ရှာ မတွေ့တဲ့အတွက်ကနေဒါ တော်ဝင်ရဲတပ်ဖွဲ့များကို ခေါ်ပြီး လိုက်လံရှာဖွေခဲ့ရာ grizzly ဝက်ဝံကိုက်ခံရပြီး သေဆုံး နေတဲ့ Julien Gauthier ကို ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရှိရပါတယ်။

Julien Gauthier ဟာ ကနေဒါတွင်ဖွားမြင်ခဲ့သူဖြစ်ပြီး အသက် (၁၉)နှစ်မှာတော့ ပြင်သစ်သို့ပြောင်းရွှေ့နေထိုင်ခဲ့ကာ ပြင်သစ်ရှိ Brittany တီးဝိုင်းတွင် ၂၀၁၇ခုနှစ်ကစလို့ သီချင်းရေးဆရာအဖြစ်အလုပ်လုပ်ခဲ့သူဖြစ်ပါတယ်။ ထို့အပြင် သူဟာ သဘာဝရဲ့ အသံများ၊ သားရဲတိရိစ္ဆာန်များ၏ အသံများကို ဖမ်းပြီးစုဆောင်ရတာကိုလည်း ဝါသနာပါသူ တစ်ဦး ဖြစ်ပါတယ်။

Source : FOX News

Leave a comment

Your email address will not be published. Required fields are marked *