ဂူအန္းကြ်န္း၏ ကံၾကမၼာသည္ ဘုရားသခင္၏ အလိုဆႏၵအေပၚ ေစာင့္ၾကည့္ရေတာ့မည္ ဟု ဘာသာေရးေခါင္းေဆာင္ ေပါလ္ ဂိုဖီလ္ဂန္ မွေျပာ

အေမရိကန္နဲ႕ ေျမာက္ကိုးရီးယားတို႕ရဲ႕ စစ္ေရးအရတင္းမာမႈက အျမင္ဆံုးေရာက္ရွိေနျပီး ယခု ၾသဂုတ္လ အလယ္တြင္ ဂူအန္းကြ်န္းဆြယ္အား ေျမာက္ကိုးရီးယားမွ ဒံုးက်ည္ ၄ စင္းျဖင့္ စတင္ပစ္ခတ္မည္ဟု ေၾကျငာထားတာေၾကာင့္ ဂူအန္းကြ်န္း၏ ကံၾကမၼာဟာ အဆိုးအေကာင္းခြဲျခားရ ခက္ေနတဲ့ အခ်ိန္ျဖစ္ပါတယ္။

ဂူအန္းကြ်န္းေပၚမွ ခရစၥယာန္ ဘာသာေရးေခါင္းေဆာင္ျဖစ္သူ ေပါလ္ဂိုဖီလ္ဂန္မွ ” ဂူအန္းရဲ႕ ကံၾကမၼာဟာ ဘုရားသခင္အေပၚဘဲ မူတည္တယ္၊ အကယ္၍ ေျမာက္ကိုးရီးယားက ဒံုးက်ည္ပစ္လိုက္တဲ့အခါ က်ေနာ္တို႕မွာ ျပင္ဆင္ခ်ိန္ ၁၄ မိနစ္ေလာက္ဘဲရွိတယ္၊ ခင္ဗ်ားသာဆို ခင္ဗ်ားရဲ႕ အသက္ရွင္ေရးအတြက္ လံုေလာက္တယ္လို႕ ထင္လား ” ဟု ေျပာခဲ့သည္။

” အခုက တင္းမာမႈက အျမင့္ဆံုးကိုေရာက္ေနျပီ၊ သူတို႕ေတြကို ျငိမ္းခ်မ္းဖို႕ စကားေတြ ဘယ္လိုမွ ေျပာလို႕ရမွာမဟုတ္ဘူး။ အရမ္းခက္လဲလိမ့္မယ္ ” ဟု ေျပာခဲ့သည္။

” က်ေနာ္တို႕ေတြ ေသမွာေၾကာက္ၾကတာမွန္တယ္။ ဒါေပမယ့္ တစ္ဖက္က ၾကည့္မယ္ဆိုရင္လည္း က်ေနာ္တို႕ ဘုရားသခင္ကို ယံုၾကည္သက္၀င္ေနဖုိ႕က လြဲျပီး က်န္တာ လုပ္ႏုိင္တာ မရွိဘူး၊ က်ေနာ္တုိ႕ရဲ႕ စိုးရိမ္ပူပန္မႈေတြကို ေဘးခ်ိတ္ထားျပီး ဘုရားသခင္ဆီမွာ ယံုၾကည္သက္၀င္ျပီး ဆုေတာင္းဖို႕လိုတယ္၊ က်ေနာ္တို႕ရဲ႕ ေဘးနားမွာ ဘုရားသခင္ရွိတယ္ ” ဟု ဂူအန္းကြ်န္းမွ ျပည္သူတစ္ေယာက္က ေျပာလိုက္သည္။

အသက္ ၈၅ ႏွစ္အရြယ္ရွိျပီး ဒုတိယကမၻာစစ္ေဘးမွ လြတ္ေျမာက္လာသူတစ္ဦးကမူ ‘ က်ေနာ္ ဒုတိယကမၻာစစ္တုန္းက ဂ်ပန္ေတြလက္ခ်က္နဲ႕ မေသဘဲ လြတ္ေျမာက္လာတယ္၊ စစ္ၾကီးျပီးသြားတဲ့အခါမွာ က်ေနာ့္ကို CNN က အင္တာဗ်ဴးတယ္၊ အဲ့ဒီလို ဒုကၡေရာက္ေနခ်ိန္မွာ ဘာေတြလုပ္ေနလဲေပါ့၊ က်ေနာ္ ဘုရားသခင္ဆီကို ဆုေတာင္းေနရုံကလြဲလို႕ က်န္တာ ဘာမွမလုပ္ႏုိင္ေတာ့ပါဘူး။ ကံေကာင္းေထာက္မစြာဘဲ က်ေနာ္ ဂ်ပန္ေတြလက္ခ်က္နဲ႕ အသက္မေပ်ာက္ဘဲ အသက္ရွင္က်န္ရစ္ခဲ့သူ တစ္ဦးျဖစ္ခဲ့ပါတယ္။ အခု တစ္ခါလည္း ဟိုတုန္းက အခ်ိန္လိုမ်ိဳး ဘုရားသခင္ကို ေနာက္တစ္ခါ ဆုေတာင္းရအံုးပါမယ္၊ က်ေနာ္ ဘုရားသခင္ကို ယံုၾကည္တယ္ ” ဟု ေျပာခဲ့သည္။

လက္ရွိတြင္ ဂူအန္းရွိ ဘုရားေက်ာင္း၌ လာေရာက္ဆုေတာင္းေနသူမ်ား ရွိေနျပီး အားလံုးက တစ္ဖက္ႏွင့္ တစ္ဖက္ စစ္ပြဲျဖစ္မွာကို စိုးရိမ္လ်က္ရွိေနၾကပါတယ္။

Unicode : ဂူအန်းကျွန်း၏ ကံကြမ္မာသည် ဘုရားသခင်၏ အလိုဆန္ဒအပေါ်စောင့်ကြည့်ရတော့မည် ဟု ဘာသာရေးခေါင်းဆောင် ပေါလ် ဂိုဖီလ်ဂန် မှပြော

paul

အမေရိကန်နဲ့ မြောက်ကိုးရီးယားတို့ရဲ့ စစ်ရေးအရတင်းမာမှုက အမြင်ဆုံးရောက်ရှိနေပြီး ယခု သြဂုတ်လ အလယ်တွင် ဂူအန်းကျွန်းဆွယ်အား မြောက်ကိုးရီးယားမှ ဒုံးကျည် ၄ စင်းဖြင့် စတင်ပစ်ခတ်မည်ဟု ကြေငြာထားတာကြောင့် ဂူအန်းကျွန်း၏ ကံကြမ္မာဟာ အဆိုးအကောင်းခွဲခြားရ ခက်နေတဲ့ အချိန်ဖြစ်ပါတယ်။

ဂူအန်းကျွန်းပေါ်မှ ခရစ္စယာန် ဘာသာရေးခေါင်းဆောင်ဖြစ်သူ ပေါလ်ဂိုဖီလ်ဂန်မှ ” ဂူအန်းရဲ့ ကံကြမ္မာဟာ ဘုရားသခင်အပေါ်ဘဲ မူတည်တယ်၊ အကယ်၍ မြောက်ကိုးရီးယားက ဒုံးကျည်ပစ်လိုက်တဲ့အခါ ကျနော်တို့မှာ ပြင်ဆင်ချိန် ၁၄ မိနစ်လောက်ဘဲရှိတယ်၊ ခင်ဗျားသာဆို ခင်ဗျားရဲ့ အသက်ရှင်ရေးအတွက် လုံလောက်တယ်လို့ ထင်လား ” ဟု ပြောခဲ့သည်။

” အခုက တင်းမာမှုက အမြင့်ဆုံးကိုရောက်နေပြီ၊ သူတို့တွေကို ငြိမ်းချမ်းဖို့ စကားတွေ ဘယ်လိုမှ ပြောလို့ရမှာမဟုတ်ဘူး။ အရမ်းခက်လဲလိမ့်မယ် ” ဟု ပြောခဲ့သည်။

” ကျနော်တို့တွေ သေမှာကြောက်ကြတာမှန်တယ်။ ဒါပေမယ့် တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း ကျနော်တို့ ဘုရားသခင်ကို ယုံကြည်သက်ဝင်နေဖို့က လွဲပြီး ကျန်တာ လုပ်နိုင်တာ မရှိဘူး၊ ကျနော်တို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဘေးချိတ်ထားပြီး ဘုရားသခင်ဆီမှာ ယုံကြည်သက်ဝင်ပြီး ဆုတောင်းဖို့လိုတယ်၊ ကျနော်တို့ရဲ့ ဘေးနားမှာ ဘုရားသခင်ရှိတယ် ” ဟု ဂူအန်းကျွန်းမှ ပြည်သူတစ်ယောက်က ပြောလိုက်သည်။

အသက် ၈၅ နှစ်အရွယ်ရှိပြီး ဒုတိယကမ္ဘာစစ်ဘေးမှ လွတ်မြောက်လာသူတစ်ဦးကမူ ‘ ကျနော် ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်တွေလက်ချက်နဲ့ မသေဘဲ လွတ်မြောက်လာတယ်၊ စစ်ကြီးပြီးသွားတဲ့အခါမှာ ကျနော့်ကို CNN က အင်တာဗျူးတယ်၊ အဲ့ဒီလို ဒုက္ခရောက်နေချိန်မှာ ဘာတွေလုပ်နေလဲပေါ့၊ ကျနော် ဘုရားသခင်ဆီကို ဆုတောင်းနေရုံကလွဲလို့ ကျန်တာ ဘာမှမလုပ်နိုင်တော့ပါဘူး။ ကံကောင်းထောက်မစွာဘဲ ကျနော် ဂျပန်တွေလက်ချက်နဲ့ အသက်မပျောက်ဘဲ အသက်ရှင်ကျန်ရစ်ခဲ့သူ တစ်ဦးဖြစ်ခဲ့ပါတယ်။ အခု တစ်ခါလည်း ဟိုတုန်းက အချိန်လိုမျိုး ဘုရားသခင်ကို နောက်တစ်ခါ ဆုတောင်းရအုံးပါမယ်၊ ကျနော် ဘုရားသခင်ကို ယုံကြည်တယ် ” ဟု ပြောခဲ့သည်။

လက်ရှိတွင် ဂူအန်းရှိ ဘုရားကျောင်း၌ လာရောက်ဆုတောင်းနေသူများ ရှိနေပြီး အားလုံးက တစ်ဖက်နှင့် တစ်ဖက် စစ်ပွဲဖြစ်မှာကို စိုးရိမ်လျက်ရှိနေကြပါတယ်။

 

Leave a comment

Your email address will not be published.