ဂျပန်က ကမ္ဘာ့အမြန်ဆုံး ကျည်ဆံရထားကို စတင်စမ်းသပ်မောင်းနှင်

မေလ ၁၀ရက် သောကြာနေ့တွင် ဂျပန်က ကမ္ဘာ့အမြန်ဆုံး ကျည်ဆံရထား ALFA-X ကို မိတ်ဆက်ပြီး စတင်စမ်းသပ် ပြေးဆွဲခဲ့ပါတယ်။ALFA-X ဟာ အရင်ကကမ္ဘာ့အမြန်ဆုံးစာရင်းဝင်ကျည်ဆံရထားဖြစ်တဲ့ တရုတ်ပြည်က Fuxing ထက် 10kpm ပိုမြန်တယ်လို့ သိရှိရပါတယ်။

ALFA-X ကို ၂၀၁၅ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး အကြိမ်ပေါင်း ၂၀၃၀ လောက် ပြုပြင်ပြောင်းလဲ မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ ALFA-X ရဲ့ Design ဟာ ကား၁၀စီးကို ကြည့်ပြီးထုတ်လုပ်ထားတဲ့ Design ဖြစ်ပါတယ်။ သူ့ရဲ့ ဦးခေါင်းဟာ လေကိုခွင်းရာမှာ ပိုမိုကောင်းမွန်စေဖို့ အထူးစီစဉ်ထားတာဖြစ်ကြောင်း သိရှိရပြီး သူ့ကို ထိန်းချုပ်တဲ့ စက်ခေါင်းအခန်းဟာ လက်ရှိအသုံးပြုနေတဲ့ ရထားခေါင်းခန်းတွေနဲ့မတူပဲ တမူထူးခြားနေမှာဖြစ်ပါတယ်။ ALFA-X ဟာ 400kph (248mph) အမြန်နှန်းအထိမောင်းနှင်နိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။

ALFA-X ကို လက်ရှိမှာ ဂျပန်နိုင်ငံ Sendai မြို့နှင့် Aomori မြို့တို့ကို စမ်းသပ်ပြေးဆွဲနေပြီဖြစ်ပါတယ်။ နောက်နှစ် အတွင်းမှာတော့ ဂျပန်မှာ တရားဝင်ပြေးဆွဲဖို့ အစီအစဉ်ရှိကြောင်းသိရှိရပါတယ်။ ဒါ့အပြင် 603 kph (374 mph) အထိ ပြေးဆွဲနိုင်မယ့် ကျည်ဆံရထားကို ဆက်လက်တီထွင်သွားမှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *