ဂျပန်က မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှု ကာကွယ်ရန် ဒုံးကျဉ်ကာကွယ်ရေးစနစ်ကို ဖြန့်ကြက်

ဂျပန်ဟာ ပြီးခဲ့တဲ့လက မြောက်ကိုရီးယားရဲ့ နျူကလီးယားခြိမ်းခြောက်မှုကို ကာကွယ်ရန်အတွက် မြေပြင်အခြေစိုက် ရေဒါစခန်းတွေနဲ့ ကြားဖြတ် တိုက်ခိုက်ရေးလေယာဉ်တွေ ပါဝင်တဲ့ အမေရိကန်လုပ် အေဂျိစ် ဒုံးကျဉ်ကာကွယ်ရေး စနစ်ကို ဖြန့်ကြက်ရန် ဆုံးဖြတ်လိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီး ဖြစ်တဲ့ ဆာဂျီလာရော့ဗ် ပြောလိုက်တာကတော့ ဒီဒုံးကျဉ်ကာကွယ်ရေးစနစ်ဟာ ခံစစ်တာမက ထိုးစစ်အတွက်လည်း အသုံးပြုနိုင်တယ်လို့ ဇန်နဝါရီလ ၁၅ရက်မှာ ပြောကြားလိုက်ပါတယ်။ ဒုံးကျဉ်ကာကွယ်ရေးစနစ်ရဲ့ စစ်ဆင်ရေး ကွပ်ကဲမှုအပိုင်းမှာ အမေရိကန်မှ ပါဝင်မှုမရှိဘူးလို့ ပြောထားတဲ့အချက်ကို သံသယရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒီလို ဒုံးကျဉ်ဖြန့်ကြက်တာဟာ ရုရှား – ဂျပန် ဆက်ဆံရေးကို ထိခိုက်နိုင်တယ်လို့ လာရော့ဗ်ကပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းမှ သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *