ဂျပန်က ၎င်းတို့ရဲ့ ဘုရင်အသစ်နဲ့အတူ မင်းဆက်အသစ်ကို ကြေငြာ

အသက် ၈၅နှစ်ရှိပြီဖြစ်တဲ့ ဘုရင် Emperor Akihito ဟာ အသက်အရွယ်အိုမင်းလာပြီးဖြစ်တဲ့အတွက် သူရဲ့သား ဖြစ် သူ Crown Prince Naruhito ကို ဧပြီလ ၁ရက်နေ့မှာ ထီးနန်းလွှဲပေးလိုက်တာဖြစ်ပါတယ်။ ဘုရင် အသစ်နဲ့အတူ ၎င်းတို့ရဲ့ မင်းဆက်အသစ်နာမည်ကိုပါ ကြေငြာခဲ့ပါတယ်။

ဂျပန်ရဲ့ အတွင်းဝန် Yoshihide Suga က ဂျပန်ရဲ့ မင်းဆက်အသစ်နာမည် “Reiwa” ကိုကြေငြာပေးခဲ့ပြီး ၎င်းဟာ မေ လ ၁ရက်နေ့မှ စတင်ပြီး အသက်ဝင်မှာဖြစ်ကြောင်း သိရပါတယ်။ မင်းဆက်သစ်နာမည် Reiwa မှာ Rei က အမိန့် ဒါ မှမဟုတ် ညွှန်ကြားတယ်လို့ အဓိပ္ပါယ်ရပြီး Wa ကတော့ ငြိမ်းချမ်းခြင်းဒါမှမဟုတ် လိုက်လျောညီထွေဖြစ်ခြင်းလို့ အ ဓိပ္ပါယ်ရကြောင်းသိရပါတယ်။ဂျပန်ဝန်ကြီးချုပ် Shinzo Abe က ၎င်းအဓိပ္ပါယ်ကို ရှင်းလင်းပြီးနိုင်ငံကို မိန့်ခွန်း ပြောခဲ့ပါတယ်။

ဂျပန်တွေဟာ ဘုရင်တစ်ပါးပြောင်းတိုင်းမှာ မင်းဆက်နာမည်အသစ်တွေကို ပေးလေ့ရှိတာ ဆယ်စုနှစ်တစ်ခုလောက် ရှိပါပြီး။ ယခုပေးလိုက်တဲ့ မင်းဆက်နာမည်ဟာ အမြင့်သံဖြင့် ခေါ်ဆိုရမှာဖြစ်တယ်လို့ သိရပါတယ်။

Source: BBC News

Leave a comment

Your email address will not be published. Required fields are marked *