ဂျပန်နိုင်ငံက စာသင်ကျောင်းတွေရဲ့ စည်းကမ်းများ

ဆံပင်ပုံစံလှလှလေးတွေထားတာ လက်မခံပါဘူး။

ဂျပန်နိုင်ငံရဲ့ စာသင်ခန်းတွေမှာ ဆံပင်လေးတသသနဲ့ နေလို့မရပါဘူး။ စာတစ်ခုတည်းကိုပဲ အာရုံစိုက်ရပါတယ်။

ရည်းစားမထားရပါဘူး။

ဂျပန်နိုင်ငံမှာ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ အချစ်ရေးကို မစဉ်းစားသင့်တဲ့ အရွယ်လို့ သတ်မှတ်တာကြောင့် ကျောင်းမှာ လုံးဝ ရည်းစားထားခွင့် မရှိပါဘူး။

ဆရာအစားဝင်တာမရှိပါဘူး။

ကိုယ့်အတန်းကို သင်မယ့်ဆရာက အကြောင်းအမျိုးမျိုးကြောင့် အတန်းမဝင်နိုင်ဘူးဆိုရင် အခြားဆရာတစ်ယောက် ဝင်သင်တာမျိုးမရှိပါဘူး။ ဆရာမလာတဲ့အချိန်မှာ ကျောင်းသားတွေကလည်း စည်းကမ်းရှိရှိနဲ့ ကိုယ့်စာကိုယ်လုပ်နေတတ်ကြပါတယ်။

ကျောင်းချိန်မှန်မှန်ရောက်ဖို့က အဓိကပါ။

ဂျပန်ကျောင်းသားတွေက ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲ ကျောင်းနောက်ကျလို့မရပါဘူး။ အချိန်တိကျဖို့ကို ငယ်ငယ်ကတည်းက လေ့ကျင့်သင်ကြားခြင်းခံခဲ့တာကြောင့် ဂျပန်တွေက အချိန်တိကျကြတာပါ။

တစ်နှစ်လုံးမှာ တစ်ခါပဲ ကျောင်းပိတ်ပေးပါတယ်။

ဂျပန်ကျောင်းသားတွေက တစ်နှစ်လုံးမှာ နွေရာသီအားလပ်ရက်အနေနဲ့ ရက်သတ္တပတ် (၅) ပတ်ကိုသာ ရရှိပါတယ်။

အချင်းချင်းနှုတ်ဆက်ရပါတယ်။

ကျောင်းသားတိုင်းက ဆရာကို မဖြစ်မနေနှုတ်ဆက်ရပါတယ်။ တရားထိုင်ခြင်းက တစ်နေ့တာအတွက် ကောင်းမွန်တဲ့ အားအင်တွေ ရရှိနိုင်တယ်ဆိုတဲ့ အယူအဆရှိတာကြောင့် မနက်ခင်းတိုင်းကို တရားထိုင်ခြင်းနဲ့ စတင်ရပါတယ်။

ယူနီဖောင်းဝတ်ရပါတယ်။

ဂျပန်နိုင်ငံက ကျောင်းအားလုံးနီးပါးမှာ ယူနီဖောင်းဝတ်ကြရပါတယ်။ ကျောင်းသားတွေက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ရပြီး ကျောင်းသူတွေကတော့ စကတ်အကွက်လေးတွေ ဝတ်ဆင်ကြရပါတယ်။

အိမ်ကနေ ထမင်းချိုင့် မယူလာရပါဘူး။

ကျောင်းကပဲ အစားအသောက်အတွက် တာဝန်ယူပေးသလို အစားအစာတွေကို မဖြုန်းတီးဖို့ကိုလည်း အပြစ်ပေးတဲ့စနစ်နဲ့ လေ့ကျင့်သင်ကြားပေးပါတယ်။

ကျောင်းသန့်ရှင်းရေး နေ့တိုင်းလုပ်ရပါတယ်။

သန့်ရှင်းခြင်းက ကောင်းမွန်တဲ့ အားအင်တွေကို ယူဆောင်လာနိုင်တယ်လို့ ယုံကြည်ကြတာကြောင့် နေ့စဉ်နေ့တိုင်း ကိုယ့်ရဲ့စာသင်ကျောင်းသန့်ရှင်းရေးကို ပြုလုပ်ကြရပါတယ်။

Leave a comment

Your email address will not be published.