ဂျပန်နိုင်ငံ မစ်ဆူဘီရှီကုမ္ပဏီက လိမ်လည်ခဲ့ကြောင်းဝန်ခံ

ဂျပန်နိုင်ငံရှိ အကြီးစားစက်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ မစ်ဆူဘီရှီကုမ္ပဏီသည် သူ၏ထုတ်ကုန်တွေရဲ့ အရည်အသွေးအချက်အလက်တွေကို လိမ်လည်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

မစ်ဆူဘီရှီကုမ္ပဏီထုတ် မော်တော်ကား၊ တိုင်လေယာဉ်နှင့် စက်မှုလုပ်ငန်းသုံးပစ္စည်းတို့တွင် ထည့်သွင်းအသုံးပြုထားသော ပစ္စည်းများ၏ အရည်အသွေး စစ်ဆေးမှုအချက်အလက်များကို လိမ်လည်ခဲ့ပါတယ်လို့ မစ်ဆူဘီရှီကုမ္ပဏီကဝန်ခံခဲ့တာ ဖြစ်ပါတယ်။

အကြီးစားစက်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ မစ်ဆူဘီရှီကုမ္ပဏီရဲ့ ယခုလိုလိမ်လည်မှုကြောင့် ကုမ္ပဏီထုတ် ပစ္စည်းတွေကိုအသုံးပြုတဲ့ လုပ်ငန်း ၂၅၀ ကျော်ကို ထိခိုက်နစ်နာခဲ့တယ်လို့ ရိုက်တာသတင်းဖော်ပြချက်အရ သိရပါတယ်။

ဂျပန်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဖြစ်တဲ့ ဟီရိုရှီဂီဆီကို က” အရင်က နစ်ဆန်း၊ ကိုဘေး စတီးကုမ္ပဏီနှင့် ဘာရူး ကုမ္ပဏီတို့ရဲ့ အရှုပ်တွေရှိနေချိန်မှာ ယခုလိုကုမ္ပဏီကြီးရဲ့ လိမ်လည်မှုဟာ အလွန်ပင် ဝမ်းနည်းစရာကောင်းပြီး ဂျပန်ကုန်ထုတ်လုပ်ငန်းရဲ့ ယုံကြည်မှုကို သစ္စာဖောက်လိုက်တာပါ။ ယခုလို သစ္စဖောက်မှုမျိုးထပ်မဖြစ်အောင် တစ်နိုင်ငံလုံးရှိ ကုန်ထုတ်လုပ်ငန်းများက သစ္စာမဲ့မှုကို ကာကွယ်သွားပါလို့ ကျွန်တော်တို့ ဝန်ကြီးဌာနက တိုက်တွန်းပါတယ်” ဆိုပြီး ပြောကြားခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး ဂျပန်ကာကွယ်ရေးဝန်ကြီး အီဆူနိုဒီရ က ” ယခုလို မမှန်မကန် လုပ်ရပ်ကို ကုမ္ပဏီကြီးဖြစ်တဲ့ မစ်ဆူဘီရှီက ပြုလုပ်ခြင်းဟာ အလွန်စိတ်ပျက်စရာကောင်းပြီး၊ ဖြစ်ပွားခဲ့သော ပြဿနာ၏ အသေးစိတ်အချက်အလက်တွေအပြင်၊ စစ်လက်နက်ပစ္စည်းတွေမှာ မှားယွင်းနေသော အချက်အလက်များနှင့်လွဲမှားရသော အကြောင်းအရင်းများ၊ နောက်ထပ်မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတဲ့ နည်းလမ်းတွေပါတောင်ဆိုပါတယ် “လို့ပြောခဲ့ပါတယ်။

ထိုလိမ်လည်မှုနှင့် ပတ်သက်ပြီး မစ်ဆူဘီရှီက ဝန်ခံခဲ့ပြီးနောက်တွင် ကုမ္ပဏီရဲ့ ရှယ်ယာဈေးနှုန်းလည်း ၁၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *