ဂျပန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ဓာတုစက်ရုံပေါက်ကွဲပြီး အနည်းဆုံး ၁၀ဦးဒဏ်ရာရ

ဂျပန်နိုင်ငံ အရှေ့တောင်ပိုင်းရှိ Shizuoka စီရင်စု ဖူဂျီမြို့ရှိ Arakawa Chemical Industries Ltd. ပိုင်ဖြစ်တဲ့ စက္ကူထုတ်ရန် ၊ပုံနှိပ်မှင်တွေမှာသုံးတဲ့ ကော်စေ့များနှင့် ကော်များ အစရှိတဲ့ ဓာတုပစ္စည်းတွေ ထုတ်လုပ်ရောင်းချသည့် စက်ရုံတစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၁၀ ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာမီးသတ်ဌာန သတင်းအရင်းမြစ်ကို ကိုးကားထားသော ဒေသတွင်း မီဒီယာက ဖော်ပြချက်အရသိရပါတယ်။

ဒေသဆိုင်ရာ မီးသတ်ဌာနပြောကြားချက်အရ ပေါက်ကွဲမှု သတင်းအား ဒီဇင်ဘာလ ၁ ရက် ဒေသစံတော်ချိန် နံနက် ၈:၃၀ ဝန်းကျင်တွင် သိရှိရကြောင်း သိရပါသည်။ မီးသတ်သမားများက မီးကို ငြှိမ်းသတ်နေပြီး ယင်းနေရာရှိ ကောင်းကင်ပေါ်မှာ မီးခိုးလုံးကြီးတွေကို မြင်တွေ့နေရတယ်လို့ NHK ကဖော်ပြထားပါတယ်။

ပေါက်ကွဲမှုကြောင့်မီးလောင်နေသော အနီးပတ်ဝန်းကျင်ရှိ နေထိုင်သည့် လူများအား ပြောင်းရွေ့ကြရန် အကြံပြုထားကြောင်း ဒေသဆိုင်ရာ အစိုးရက ပြောကြားခဲ့ပါတယ်။

Leave a comment

Your email address will not be published.