ဂျပန်မှာ ပျက်ကျသွားတဲ့ F-35 တိုက်လေယာဉ်အပျက်အစီးအပိုင်းအစတချို့ ရှာဖွေတွေ့ရှိ

ဧပြီလ ၉ရက် အင်္ဂါနေ့ ညနေ 10:27 GMT မှာ တိုက်လေယာဉ် F-35 ဟာ ဂျပန်ရဲ့ အရှေ့မြောက်ဘက် Misawa မြို့ အရှေ့ဘက် ၈၄မိုင်အကွာ ပစိဖိတ်သမုဒ္ဒရာထဲကို ပျက်ကျသွားခဲ့ပါတယ်။ တစ်နှစ်မပြည့်သေးတဲ့ F-35 တိုက် လေ ယာဉ်ဟာ ဂျပန်ရဲ့ အိုနေပြီဖြစ်တဲ့ F-4 တိုက်လေယာဉ်ရဲ့ နေရာမှာ အစားထိုးဝင်ရောက်လာခဲ့တဲ့ တိုက်လေ ယာဉ်ဖြစ် ပါ တယ်။ Misawa လေတပ်အခြေစိုက်စခန်းမှပြောပြချက်အရ လက်ရှိမှာ F-35 တိုက်လေယာဉ် ၁၂စီးသာ ကျန်တော့ ကြောင်းသိရပါတယ်။

F-35 တိုက်လေယာဉ်ပျောက်ဆုံးပြီး နောက်တစ်နေ့မှာပဲ ၎င်းရဲ့ အမှီးပိုင်းကို ပစိဖိတ်သမုဒ္ဒရာထဲမှာ ကယ်ဆယ် ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ Misawa လေတပ်အခြေစိုက်စခန်းမှ ပြောပြချက်အရ F-35 တိုက် လေယာဉ်ဟာ စခန်းမှထွက်ခွာပြီး မိနစ် ၃၀မှာ ရေဒါထဲက ပျောက်သွားတာဖြစ်ပြီး လေယာဉ်မှူးဟာ ရေဒါက မ ပျောက်မီမှာ အရေးပေါ် Mission ကို ဖျက်သိမ်းကြောင်း အခြေစိုက်စခန်းကို အချက်ပြခဲ့တယ်လို့ သိရပါတယ်။ ယခုထိ တော့ လေယာဉ်မှူးကို ရှာဖွေတွေ့ရှိခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့များကတော့ လေယာဉ် မှူး အပြင် လေယာဉ်ရဲ့ ကျန်ရှိနေသေးတဲ့ အစိတ်အပိုင်းတွေကို ရှာဖွေနေတယ်လို့ သိရှိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *