ဂျပန်ရှိ Nissan ရုံးက Nissan သူဌေးဟောင်းကို ငွေကြေးလိမ်လည်မှုဖြင့် တရားစွဲ

အသက် ၆၅နှစ်ရှိပြီဖြစ်တဲ့ Nissan ရဲ့အရင်သူဌေး Carlos Ghosn ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ငွေကြေးပြဿနာနှင့် ပတ်သက်ပြီး ထောင်ထဲမှာ ၁၀၈ရက်တိတိနေခဲ့ရပြီး ဒေါ်လာ ၉သန်း ပေးဆောင်ပြီးနောက် ပြီးခဲ့တဲ့ လကပဲ ထောင်ထဲက လွတ်မြောက်ခဲ့ပါတယ်။အဲဒီနောက် ဧပြီလ ၄ရက်နေမှာ နောက်ထပ်တစ်ကြိမ် တိုကျိုရှိရုံးမှ ငွေကြေးနှင့်ပတ်သက်ပြီး အမှု (၄)ခုဖြင့် ထပ်မံတရားစွဲခံခဲ့ရသဖြင့် ထောင်ထဲကို ဒုတိယအကြိမ် ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

ဧပြီလ ၂၂ရက် တနင်္လာနေ့မှာ Mr.Ghosn ရဲ့ ရှေ့နေက ဒေါ်လာ၅သန်း ပေးဆောင်ခဲ့တဲ့အတွက် ထောင်ထဲက ပြန်လည်လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။Mr.Ghosn ကို တရားစွဲရတဲ့အကြောင်းကတော့ Oman နိုင်ငံရှိ Nissan ဖြန့်ချီရေးကိုယ်စားလှယ်တွေကို ပေးရမယ့် ဒေါ်လာ၅သန်းဟာ ကုမ္ပဏီပိုင် ဘဏ်အကောင့်ထဲမဝင်ဘဲ Mr.Ghosn ရဲ့ အကောင့်ထဲကို ရောက်သွားခဲ့လို့ဖြစ်ပါတယ်။ လက်ရှိမှာ Mr.Ghosn နေထိုင်တဲ့ နေရာကို ၂၄နာရီ စောင့်ကြည့်ရေး ကင်မရာတွေ တပ်ဆင်ထားပြီး အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ကြည့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Mr.Ghosn ဟာ ၂၀၁၆ခုနှစ်တုန်းက Mitsubishi မှနှုတ်ထွက်ခဲ့ပြီး ဂျပန်ရှိ Nissan နဲ့ ပြင်သစ်ရှိ Renault တို့၏ ဗိဿသုကာ ပညာရှင်အဖြစ်လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ Mr.Ghosn ကတော့ အခုလိုစွပ်စွဲခံရမှုဟာ Nissan ရဲ့ အမှု ဆောင်အရာရှိနဲ့ သူ့ကြားမှာ နားလည်မှုလွှဲမှားတာ တစ်ခုခုရှိနေပြီးလို့ ယခုလအစောပိုင်းမှာ ပြောကြားခဲ့ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published.