ဂျပန် ဧကရာဇ်သည် လာမည့် ၂၀၁၉ခုနှစ် ဧပြီလ ၃၀ရက်နေ့တွင် ထီးနန်းစွန့်လွှတ်တော့မည်

စိတ်ကျရောဂါကို ကာလကြာရှည်စွာခံစားနေရတဲ့ ဂျပန်အိမ်ရှေ့စံမင်းသမီး မာဆာကိုသည် လာမည့် ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၉ တွင် ဂျပန်ဧကရီဖြစ်လာတော့မှာဖြစ်ပါတယ်။ မင်းသမီး မာဆာကိုက သူ၏ ၅၄နှစ်ပြည့်မွေးနေ့ပွဲတွင် သူမရဲ့တာဝန်တွေကို ကျေပွန်အောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ သန္နိဋ္ဌာန်ချခဲ့ပါတယ်။

ဂျပန်ဧကရာဇ် အာကီဟီတိုခရစ်ဆန်သီမန် သည် ထီးနန်း စွန့်လွှတ်မည့်နေ့အဖြစ် ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ကိုသတ်မှတ်တယ်လို့ အစိုးရအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကို ရည်ညွှန်းကာ ကြိုတင်ပြင်ဆင်ထားသော ထုတ်ပြန်ချက်တစ်ခုမှာ မင်းသမီးက ပြောခဲ့တာပါ။

အိမ်ရှေ့မင်းသားဖြစ်တဲ့ ရူဟီတိုသည် ဂျပန်ဧကရာဇ်ဖြစ်လာမှာဖြစ်ပြီး အိမ်ရှေ့မင်းသမီးဖြစ်တဲ့ မာဆာကို ကတော့ ဂျန်ပန်ဧကရီဖြစ်လာမှာဖြစ်ပါတယ်။

မာဆာကိုက အရှင်ဧကရာဇ်နဲ့ ဧကရီတို့ရဲ့ ဘုန်းတန်ခိုးအာနုဘော်တွေကို ကျွန်မရဲ့ လမ်းညွှန်အဖြစ်နဲ့ သတ်မှတ် လိုက်နာပြီး ပဒေသရာဇ်အိမ်ရှေ့စံမင်းသား နာရူဟီတို ကိုလည်း ကူညီထောက်ပံ့ကာ သူမ၏ တာဝန်တွေကိုလည်း ကျေပွန်အောင်ဆောင်ရွက်နိုင်အောင် ကြိုးစားသွားမယ်လို့ ပြောခဲ့ပါတယ်။

အိမ်ရှေ့မင်းသမီး မာဆာကို သည် ၁၉၉၃ ခုနှစ်တွင် သူ၏ သံအမတ်အလုပ်ကို စွန့်ကာ အိမ်ရှေ့မင်းသားရဲ့ လက်ထက်ခွင့်တောင်းတာကို လက်ခံခဲ့ပြီး တော်ဝင်မိသားစုထဲကိုဝင်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်တွင် သမီးလေး အိုင်ကို ကိုဖွားမြင်ခဲ့ပါတယ်။ ယခုဆိုလျှင် တစ်ဦးတည်းသောသမီးလေးဟာ အသက် ၁၆နှစ်ရှိပြီး အထက်တန်းကျောင်းတက်နေပါတယ်။

၂၀၀၄ ခုနှစ်တွင် အိမ်ရှေ့မင်းသမီး မာဆာကိုသည် စိတ်ကစဉ့်ကလျားဖြစ်ခြင်း ရောဂါရှိနေတယ်လို့ တော်ဝင်အိမ်တော် အေဂျင်စီကပြောခဲ့ပါတယ်။ ဆေးကုသမှုတွေ ခံယူခဲ့တာတွေကြောင့် ပြန်လည်ကျန်းမာလာပေမယ့် အခြေအနေက တက်လိုက်ကျလိုက်ဖြစ်နေတုန်းပဲလို့ သိရပါတယ်။

လက်ရှိတွင် ဂျပန်ရဲ့ ပြဋ္ဌာန်းဥပဒေအရ တော်ဝင်မိသားစုရဲ့ ယောကျာ်းလေးကမွေးတဲ့ ယောကျာ်းလေးမျိုးနွယ်ကတာ ထီးနန်းကို ဆက်ခံရမှာဖြစ်တာကြောင့် အိမ်ရှေ့မင်းသမီး မာဆာကို အနေနဲ့ ယောကျာ်းလေး အမွေခံတစ်ယောက်ကို မွေးဖွားပေးဖို့ ဖိအားပေးမှုတွေခံနေရကြောင်း သိရပါတယ်။

Leave a comment

Your email address will not be published.