ဂျာကာတာမှ အမျိုးသမီးတစ်ဦး Mobile Legends Game တွင် Skin ဝယ်ရန်အတွက် ဘဏ်မှပိုက်ဆံများကိုခိုးခဲ့

မေလ ၁ရက်နေ့က အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာရှိ Pontianak တွင် အမျိုးသမီးတစ်ဦးဟာ ဘဏ်ကငွေများကို ခိုးယူမှုဖြင့် ဖမ်းခံခဲ့ရပြီးအမှုရင်ဆိုင်ခဲ့ရပါတယ်။ ဘဏ်ကငွေများကို ခိုးယူရတဲ့ ရည်ရွယ်ချက်ကတော့ သူမ၏ Mobile Legends Game တွင် Skin များဝယ်ရန်အတွက်ဖြစ်တယ်လို့ သိရှိရပါတယ်။ ၎င်းအမျိုးသမီးကို ဘဏ်မှငွေများခိုးယူမှုအပြင် ငွေကြေးခဝါချမှုဖြင့် တရားရုံးက ထောင်အနှစ်(၂၀)ချမှတ်နိုင်ကြောင်း သိရှိရပါတယ်။

Mobile Legends ဂိမ်းဟာ အရှေ့တောင်အာရှနိုင်ငံများတွင် နာမည်ကြီးတဲ့ Online Battle Arena ဖုန်းဂိမ်း တစ်ခုဖြစ်ပါတယ်။၎င်း ဂိမ်းဟာ ကစားသူတွေကို Skin တွေဝယ်ယူစေဖို့အတွက် နည်းမျိုးစုံဖြင့်ဆွဲဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကစားသူများဟာSkin ဝယ်ဖို့ရန်အတွက် စိတ်အားထက်သန်လာကြပြီး Skin ဝယ်ဖို့ရန်အတွက် ကြိုးစားလာကြတာဖြစ်ပါတယ်။ထိုသို့ Skin ဝယ်ချင်တဲ့ ကစားသ မားတွေထဲမှာ ယခုအမှုရင်ဆိုင်နေရတဲ့ YS အမည်ရှိ အမျိုးသမီးလည်း အပါအဝင်ဖြစ်ပါတယ်။ YS ဟာ Mobile Legends မှ Skin များကို ဝယ်ယူဖို့ရန်အတွက် အမည်မဖော်လိုတဲ့ ဘဏ်မှ RP1.85 billion (US$127,498) ကိုခိုးသုံးခဲ့ပါတယ်။

ရဲဌာန၏ပြောပြချက်အရ သူမဟာ Mobile Legends ကို သူမ၏ ဘဏ်အကောင့်မှ တရားမဝင်ငွေများလွဲခဲ့ကြောင်း၊ သူမတရားမဝင် ငွေ ပေးချေမှုပြုလုပ်နေတာ လွန်ခဲ့တဲ့နှစ်ကတည်းကဖြစ်ကြောင်း၊ တစ်ခါပေးချေလျှင် အများကြီးမဟုတ်ပဲ ထောင်ဂဏန်း လောက်ပဲ ဖြစ် သဖြင့် သတိမထားမိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ သူမရဲ့ အကောင့်မှ ငွေများ မလျော့သွားပဲ Mobile Legends ကိုငွေပေး ချေမှု ပြုလုပ်နေခြင်းကို ယခုနှစ် အစပိုင်းမှာ သတိထားမိလာသဖြင့် အသေးစိတ်စိစစ်ခဲ့ရာတွင် သိရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ယခုလက်ရှိမှာ သူမဟာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၆၂ ခိုးမှု၊ ပုဒ်မ ၈၅ ဥပဒေအမှတ် (၃/၂၀၁၁) တရားမဝင်ငွေလွှဲမှုနှင့် ငွေ ကြေးခဝါချမှုတို့ဖြင့် အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။ နိုင်ငံတွင်း သတင်းဌာနများရဲ့ ပြောပြချက်အရ တရားမဝင်ငွေလွှဲမှုနှင့် ငွေ ကြေးခဝါချမှုဟာ အများဆုံး ထောင်ဒဏ် ၅နှစ်အထိကျနိုင်ကြောင်းသိရှိရပါတယ်။ ရဲဌာနမှပြောပြချက်အရ YS ဟာ ထောင်ဒဏ် အ နှစ်(၂၀)အထိကျနိုင်သလို ဒဏ်ငွေ Rp. 5billion (US$347,497.50) အထိပေးဆောင်ရနိုင်ကြောင်း သိရှိရပါတယ်။

Source : Elite Readers News

Leave a comment

Your email address will not be published. Required fields are marked *