ဂျာမနီတွင် ကိုကင်း ၅တန်ဖမ်းဆီးရမိ

ဂျာမနီ မြောက်ဘက် ဆိပ်ကမ်းမြို့တော်ဖြစ်တဲ့ Hamburg တွင် ဩဂုတ်လ ၂ရက်နေ့က ကိုကင်း ၅တန် တန်ဖိုး အမေရိ ကန် ဒေါ်လာ ၁သန်း ရှိတဲ့ ကိုကင်းများကို ဂျာမနီအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ပါတယ်။ ထိုကိုကင်းများကို ပဲများဟု စာရင်းပေးထားသော ကွန်တင်နာထဲတွင် တွေ့ရှိခဲ့ရတာဖြစ်ကြောင်း သိရှိရပါတယ်။

၎င်းပဲကွန်တင်နာဟာ Uruguay မှ Antwerp နှင့် Belgium တို့ကို တင်ပို့မှာ ဖြစ်တယ်လို့သိရှိရပါတယ်။ ထိုကွန်တင်နာထဲရှိ အိတ်အမဲ အလုံး ၂၀၀ ထဲတွင် ကိုကင်းအထုပ်ပေါင်း ၄၂၀၀ ကို တွေ့ရှိရတာဖြစ်ကြောင်း သိရှိ ရပါ တယ်။ ယခုအမှုဟာ ဂျာမနီနိုင်ငံရဲ့ ကိုကင်းဖမ်းဆီးရမိမှုသမိုင်းမှာ အများဆုံးပဲဖြစ်တယ်လို့ သိရပါတယ်။

ဂျာမနီတွင် ကိုကင်း ဖမ်းဆီးမှု ဒုတိယအကြီးဆုံးကတော့ ၂၀၁၇ ခုနှစ်တွင် Hamburg မြို့မှာပဲ ဖမ်းဆီးရမိခဲ့တဲ့ ကို ကင်း ၄.၂တန် တန်ဖိုးငွေ ဒေါ်လာ သန်း ၈၀၀ အမှုပဲဖြစ်ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *