ဂျွန်စောတို့အတွဲ ချစ်သူအဖြစ်မှ ရပ်စဲတော့မည်

ဂျွန်စောလို့ မြန်မာပရိတ်သတ်တွေကြားမှာ နာမည်ကြီးတဲ့ ကိုးရီးယားကြယ်ပွင့်ဖြစ်တဲ့ အသက် ၄၁နှစ်အရွယ်ရှိတဲ့ ဆောင်းဆန်ဟွန်းဟာ အသက် ၃၀ အရွယ်ရှိနေပြီးဖြစ်တဲ့ တရုတ်-အမေရိကန် ကပြား မင်းသမီး လျူးယီးဖေးနဲ့ ၃နှစ်တာ ချစ်သူဘဝအဖြစ် ဖြတ်သန်းခဲ့ပြီး ယခုမှာတော့ ချစ်သူအဖြစ်မှ ရပ်စဲတော့မှာဖြစ်တယ်လို့ တောင်ကိုရီးယား၏ ဟွန်ဟက်ပ် သတင်းမီဒီယာတွင် ၂၅ရက်နေ့က ပြောကြားခဲ့ပါတယ်။

သူတို့ ၂ဦးစလုံးမှာ များပြားလှတဲ့ လုပ်ဆောင်စရာတွေရှိနေသဖြစ် မအားမလပ်နိုင်ဖြစ်နေတာကြောင့် ချစ်သူအဖြစ်မှ ရပ်စဲမယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး မိတ်ဆွေတွေအဖြစ်ဆက်လက်တည်ရှိနေမှာဖြစ်တယ်လို့ မင်းသား၏ အေဂျင်စီဖြစ်သူ Better ENT ကပြောပါတယ်။

မင်းသား ဆောင်းဆန်ဟွန်းနဲ့ မင်းသမီး လျူးယီးဖေးတို့ဟာ ၂၀၁၄ ခုနှစ်က ရိုက်ကူးခဲ့တဲ့ တရုတ် အချစ်ဇတ်ကားThe Third Way of Love မှာ စတင်တွေ့ရှိခဲ့ကြပြီး မေတ္တာမျှခဲ့ကြတာဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ သြဂုတ်လမှာတော့ ချစ်သူအဖြစ် တရားဝင်ထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *