ဂြိုလ်တုပုံများအရ Nebraska ပြည်ရှိ Platte မြစ်ဟာ မြို့တွေကို ဝါးမျိုနေကြောင်းတွေ့ရှိ

ဂြိုလ်တုပုံများအရ အမေရိကန်ပြည်ထောင်စု Nebraska ရှိ Platte မြစ်နှင့် Missouri မြစ်တို့ဟာ ရေမျက်နှာပြင်မြင့် တက်လာတာကို တွေ့မြင်ခဲ့ရပါတယ်။ ထိုကဲ့သို့ မြစ်ရေမြင့်တက်မှုကြောင့် မြစ်ဘေးမှာ တည်ရှိနေတဲ့ အမေရိကန် လေ တပ် အခြေစိုက်စခန်း တစ်ခုလည်း ရေမြုပ်နေတယ်လို့ သိရပါတယ်။

မိုးလေဝသသတင်းဌာနရဲ့ ထုတ်ပြန်ချက်အရ Elkhorn မြစ်ရဲ့ အထက်ပိုင်းရှိ Nebraska ပြည်နယ် Scribner မြို့ဟာ မြစ်ရေ လျှံတက်မှု ဒုတိယ အမြင့်ဆုံးဖြစ်ပြီး ၎င်းတွင် မြစ်ရေသည် ၁၇.၅၆ ပေအထိ မြင့်တက်လာတယ်လို့ သိရှိရ ပါတယ်။ မတ်လ ၁၃ရက် ဗုဒ္ဓဟူးနေ့က တိုင်းတာချက်အရ Elkhorn မြစ်ရဲ့ အောက်ပိုင်းမှာ ရေခဲအရည်ပျော်မှုတချို့ကို တွေ့ရှိထားပြီး ၎င်းဟာ မြစ်ထဲသို့ ရေခဲတုံးကြီးများ မျောပါတဲ့အဆင့်အထိ ဖြစ်နိုင်ကြောင်း ပြောကြားထားပါ တယ်။ ဂြိုလ်တုပုံများအရ Elkhorn မြစ်ရေလျှံမှုဟာ Scribner မြို့ကို ယာယီကျွန်းတစ်ခုကဲ့သို့ ပြောင်းလဲထား ကြောင်းတွေ့ ရပါတယ်။ ပုံမှန်အရ Logan Creek Dredge ဟာ Elkhorn မြစ်ထဲသို့ စီးဆင်းနေတာကို သိသာထင်ရှား စွာမြင်နေ ရသော်လည်း ယခု အချိန်မှာတော့ မြင်ရုံမျှလေးသာ ကျန်ပါတော့တယ်။

Elkhorn မြစ်ရဲ့ အောက်ပိုင်းဖြစ်တဲ့ Nebraska ပြည်နယ်၊ Waterloo မှာ မြစ်ရေလျှံတက်မှု အမြင့်ဆုံးဖြစ်ပြီး ၂၄.၆၄ ပေအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။ အဆိုပါ စံနှုန်းဟာ US မှာ မြစ်ရေလျှံတက်မှု အမြင့်ဆုံး စံချိန်တင် ထားတဲ့ ၁၉၆၂ ခုနှစ်က စံနှုန်းထက် ၅ပေ အပိုဖြင့် စံချိန်ချိုးသွားတာဖြစ်ပါတယ်။ တာဝန်ရှိသူများ၏ ကြိုတင် အသိပေး ထားမှုကြောင့် သေဆုံးမှုမရှိသော်လည်း ပျက်ဆီး ဆုံးရှုံးမှုတော့ အများအပြားရှိနေပါတယ်။

Source : CNN

Leave a comment

Your email address will not be published. Required fields are marked *