ငရုတ်သီးစိမ်းစားခြင်းရဲ့ ကောင်းကျိုးများ

Capsaicin လို့ခေါ်တဲ့ အပူအစပ် အရသာဓာတ်ပါဝင်တဲ့ ငရုတ်သီးစိမ်းကို အများစုကတော့ ကြောက်ကြပါတယ်။ ဒါပေမယ့် ကြိုက်တဲ့လူတွေလည်းရှိပါတယ်။ ကျွန်တော်တို့ နေ့စဉ်ချက်ပြုတ်နေတဲ့ ဟင်းလျာ အများစုမှာ ငရုတ်သီးစိမ်းကို ထည့်ပြီးချက်ကြပါတယ်။ ဘာလို့လည်းဆိုတော့ ငရုတ်သီးစိမ်းဟာ ခံတွင်းတွေ့စေသည့်အပြင် အစာခြေစနစ်ကိုပါ အထောက်အကူပြုတဲ့ အသီးအနှံတစ်မျိုးဖြစ်လို့ပါ။ ငရုတ်သီးစိမ်းစားသုံးခြင်းဖြင့် ရရှိနိုင်မည့် ကျန်းမာရေး ကောင်းကျိုးများထဲမှ အဓိကကျသော အကျိုး ၄မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အရေပြားကျန်းမာရေး ကောင်းစေခြင်း

ငရုတ်သီးစိမ်းမှာ Vitamin C ဓာတ်ကြွယ်ဝစွာပါဝင်တဲ့အတွက် အရေပြားရဲ့ ကျန်းမာရေးကို ထိန်းသိမ်းပေးပြီး အသားအရေကို ဝင်းပစေပါတယ်။

(၂) အစာခြေစနစ်ကို ကောင်းစေခြင်း

ငရုတ်စိမ်းမှာ ပါဝင်တဲ့ Vitamin C ဟာ အစာခြေစနစ်ရဲ့ လုပ်ဆောင်ချက်များကို ကူညီပေးပါတယ်။ ဒါကြောင့် ဟင်းချက်တဲ့အခါမှာ ငရုတ်သီးစိမ်း တစ်တောင့် ၂တောင့်လောက်ကို ထည့်ပြီး ချက်သင့်ပါတယ်။

(၃) ကိုယ်အလေးချိန်ကို ထိန်းပေးခြင်း

ငရုတ်သီးစိမ်းဟာ ခန္ဓာကိုယ်အတွင်းရှိ ပိုလျှံနေတဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းရှိတဲ့အပြင် ဇီဝကမ္မဖြစ်စဉ်ကိုလည်း တိုးမြှင့်ပေးတာကြောင့် ကိုယ်အလေးချိန် လျော့ချလိုသူများအတွက် အဆင်ပြေပါတယ်။

(၄) ဆီးချိုရောဂါကို ကာကွယ်ပေးခြင်း

ငရုတ်သီးစိမ်းဟာ ခန္ဓာကိုယ်ရှိ အချိုဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါကြောင့် ဆီးချိုရောဂါသည်များအနေဖြင့် နေ့စဉ်အစာစားသုံးတဲ့အခါမှာ ငရုတ်သီးစိမ်းကို စားပေးသင့်ပါတယ်။

Leave a comment

Your email address will not be published.