ငါးကြီးဆီစားသုံးခြင်းရဲ့ အကျိုးကျေးဇူးများ

နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

ငါးကြီးဆီမှာပါဝင်တဲ့ omega-3 fatty acid က နှလုံးကျန်မာရေးအတွက် များစွာအထောက်အကူပြုပါတယ်။ ငါးကြီးဆီစားသုံးခြင်းက နှလုံးခုန်မမှန်ခြင်း၊ နှလုံးရောဂါဖြစ်ပွားခြင်းနဲ့ လေဖြတ်နိုင်ခြင်းကိုပါ လျော့ကျစေပါတယ်။

မှတ်ဉာဏ်စွမ်းရည်ကို တိုးမြှင့်ပေးခြင်း

ငါးကြီးဆီမှာပါဝင်တဲ့ omega-3 fatty acid က ဦးနှောက်လုပ်ငန်းဆောင်တာများအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။

ကိုယ်အလေးချိန်လျော့ကျစေခြင်း

ငါးကြီးဆီစားသုံးရင် အစာစားချင်စိတ်ကို သာမန်ထက်ပိုမဖြစ်အောင် ထိန်းပေးနိုင်တာကြောင့် ကိုယ်အလေးချိန်လျော့ကျစေပါတယ်။

စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေခြင်း

ငါးကြီးဆီမှာပါဝင်တဲ့ Serotonin က စိတ်ခံစားမှုနဲ့ အာရုံခံစားမှုတွေကို ပုံမှန်အတိုင်းလည်ပတ်နိုင်အောင် ကူညီပေးပါတယ်။

လေထုညစ်ညမ်းမှုကြောင့်ဖြစ်တဲ့ ရောဂါများမှ ကာကွယ်ပေးခြင်း

ငါးကြီးဆီမှာပါဝင်တဲ့ omega-3 fatty acid က လေထုညစ်ညမ်းခြင်းကြောင့်ခံစားရတဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

အမြင်အာရုံကို ပိုမိုကောင်းမွန်စေခြင်း

ငါးကြီးဆီမှာပါဝင်တဲ့ omega-3 fatty acid က မျက်လုံးအစိုဓာတ်ကို ထိန်းပေးနိုင်တဲ့အပြင် မျက်ရည်ထုတ်လုပ်ရာမှာလည်း ကူညီပေးတာကြောင့် မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *