ငါးပုံမှန်စားသုံးပါက အသက်ပိုရှည်နိုင်ကြောင်း တွေ့ရှိ

အမျိုးသားအမျိုးသမီးဦးရေ သန်းတစ်ဝက်လောက်ကို နှစ်ပေါင်း ၁၆ နှစ်ကြာလေ့လာတွေ့ရှိချက်အရ ငါးပါဝင်တဲ့ အစား အစာတွေကို တစ်သက်လုံးပုံမှန်စားသုံးမယ်ဆိုရင် အသက်ပိုရှည်နိုင်ကြောင်းတွေ့ရှိရတယ်လို့ ဆိုပါတယ်။ ငါးရဲ့အဆီ ဟာ အိုမီဂါ-၃ ကြွယ်ဝစွာပါဝင်တဲ့အတွက် လွန်ခဲ့တဲ့နှစ်များစွာကတည်းက ဆေးသုတေသနပညာရှင်တွေနဲ့ ဖြည့်စွက် အာဟာရထုတ်လုပ်သူတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ရှာဖွေတွေ့ရှိတဲ့ သက်သေ အထောက်အထား တွေက အခိုင်အမာကြီးမဟုတ်ပေမယ့် သိပ္ပံပညာရှင်တွေကတော့ အိုမီဂာ-၃ ဟာ ကင်ဆာဖြစ်နိုင်ချေကို လျော့နည်း စေနိုင် တာ၊နှလုံးသွေးကျန်းမာရေးကိုတိုးတက်စေနိုင်တာတွေအပြင် ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင် တာတွေကို ရှာ ဖွေတွေ့ရှိခဲ့ကြပြီးဖြစ်ပါတယ်။

မကြာသေးမီက သုတေသနအဖွဲ့တစ်ဖွဲ့ဟာ ငါးစားရင် အသက်ရှည်နိုင်သလား၊အိုမီဂါ-၃ ကကော ဘယ်လိုပြုပြင်ပေးသလဲ ဆိုတဲ့ မေးခွန်းအတွက် ပိုပြီးတိကျတဲ့အဖြေ ကို ပေးနိုင်ခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေဟာ ကျန်းမာရေးနဲ့အစားအစာတွေ အကြောင်း အမြဲလေ့လာနေတဲ့ အကြီးကျယ်ဆုံး လေ့လာမှုဖြစ်တဲ့ NIH-AARP Diet and Health Study ထဲကရရှိ တဲ့ အချက်အလက်တွေကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာစူးစမ်းခဲ့ကြပါတယ်။ ဒီလေ့လာမှုမှာ အမျိုးသား ၂၄၀၇၂၉ ယောက်နဲ့ အမျိုးသမီး ၁၈၀၅၈၀ ဦးရဲ့အချက်အလက်တွေကို ၁၆ နှစ်ကြာစူးစမ်းလေ့လာခဲ့ကြတာဖြစ်ပါတယ်။ စူးစမ်းလေ့ လာမှု ပြီးတဲ့အခါ အမျိုးသား ၅၄၂၃၀ဦးနဲ့ အမျိုးသမီး ၃၀၈၈၂ဦးတို့ ကွယ်လွန်သွား ခဲ့ကြပါတယ်။ လေ့လာမှုရဲ့ အကျိုးရ လဒ်ကိုတော့ Journal of internal medicine မှာ မကြာခင်က ပုံနှိပ်ဖေါ်ပြခဲ့ပါတယ်။
အဓိကတွေ့ရှိမှုက ငါးများများစားခြင်းနဲ့ အိုမီဂါ-၃ဆက်စပ်ပါဝင်တဲ့ အစားအစာတွေကို ရေရှည်စားသုံးတာဟာ အသက်တိုခြင်းကို လုံးဝလျှော့ချနိုင်တယ်ဆိုတာပါပဲ။
စူးစမ်းလေ့လာသူတွေရဲ့ နောက်ထပ်တွေ့ရှိချက်အရ ငါးအများဆုံးစားသူ အမျိုးသားတွေဟာ ငါးအနည်းဆုံးစားသူတွေ ထက် ၉% အသက်ပိုရှည်နိုင်ပြီး အမျိုးသမီးတွေကတော့ ၈% ပိုရှည်နိုင် တယ်ဆိုတာ တွေ့ရပါတယ်။ သုတေသန ပြုလုပ်သူတွေဟာ သေဆုံးမှုတွေကို အတွင်းကျကျ လေ့လာ စူးစမ်တဲ့အခါ ငါးစာသုံးမှုအများဆုံးအမျိုးသား တွေဟာ အနည်းဆုံးစားသုံးတဲ့အမျိုးသားတွေထက်၊
– နှလုံးသွေးကြောရောဂါကြောင့်သေဆုံးနှုန်း ၁၀% နည်းစေတယ်။
– ကင်ဆာကြောင့် သေဆုံးမှု ၆% လျော့နည်းစေတယ်။
– အသက်ရှုလမ်းကြောင်းရောဂါနဲ့သေဆုံးမှုကို ၂၀%လျော့နည်းစေတယ်။
-နာတာရှည် အသဲရောဂါနဲ့သေဆုံးမှုကို ၃၇% လျော့နည်းစေတယ် ဆိုတာတွေကို တွေ့ရှိခဲ့ကြပါတယ်။
ဒါ့အပြင် ငါးစားများတဲ့ အမျိုးသမီးတွေဟာ နှလုံးသွေးကြောရောဂါကြောင့် သေဆုံးမှု ၁၀% ကို လျော့ကျစေနိုင်ပြီး အယ် လဇိုင်းမားရောဂါကြောင့်သေဆုံးမှုကို ၃၈%အထိလှော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အိုမီဂါ-၃ စားသုံးမှုက အမျိုးသားရောအမျိုးသမီးကိုပါ နှလုံးသွေးကြောရောဂါကြောင့် သေဆုံးရမှုကနေ ၁၅% ကနေ ၁၈% အထိ လျော့ကျစေနိုင်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ ကြော်ထားတဲ့ငါးကိုတော့ ရှောင်ပါ။
အထက်မှာဖေါ်ပြခဲ့တာတွေဟာ ငါးအားလုံးအတွက်တော့ မဟုတ်ပါဘူး။ တကယ်လို့ ငါးကို ကြော်လိုက်မယ်ဆိုရင်တော့ အသက်မရှည်နိုင်တဲ့အပြင် အသက်ကို ပိုပြီးတိုစေနိုင်တယ်လို့ဆိုပါတယ်။
Source:Medical News Today

Leave a comment

Your email address will not be published. Required fields are marked *