ငါးမန်းကိုဆက်တိုက်ထိုးပြီး ငါးမန်း၏ရန်မှလွတ်မြောက်လာသောရေငုပ်သမားတစ်ဦး

ရေထဲမှာငါးမန်းတစ်ကာင် သင့်ခြေထောက်ကို ကိုက်နေပါက သင်ဘာလုပ်မှာလဲ။ Andrew Newman အမည်ရှိ အမျိုးသားတစ်ဦးဟာ ၁၃ပေခန့်ရှိတဲ့ ငါးမန်းတစ်ကောင် ခြေထောက်ကိုကိုက်နေမှန်းသိတာနဲ့ လွတ်အောင်ကြိုးစားရုန်းကန်ခဲ့ပါတယ်။ အဆိုပါ ငါးမန်းကိုက်မှုကြောင့် ညာဘက်ခြေထောက်မှာ အရိုးနှင့် အသားတစ်စစီကြေမွ ပျက်စီးခဲ့တယ်လို့သိရပါတယ်။ Galapagos ကျွန်းအနီးကမ်းစပ်နားတွင်ဖြစ်ပွားခဲ့ပြီး ငါးမန်းကိုက်ခံရသူအမျိုးသားမှာ လန်ဒန်မှ advertising managerတစ်ယောက် လို့သိရပါတယ်။

အလားတူအဖြစ်အပျက် ဟာဝိုင်ရီကမ်းခြေတွင်ဖြစ်ပွားခဲ့ပါတယ်။ ညားခါစလင်မယားစုံတွဲသည် ဟာဝိုင်ရီကမ်းခြေတွင် အပျော်တမ်းဗီဒီရိုရိုက်ကူးနေစဉ်တွင် ယောကျာ်း၏ခြေထောက်မှာ ငါးမန်းကိုက်ခံလိုက်ရပါတယ်။ ယောကျာ်းမှာ သူငယ်ချင်းများအား စနောက်နေတယ်ဟု ထင်မှတ်ပြီး သေချာကြည့်လိုက်မှ ငါးမန်းကခြေထောက်ကို ကိုက်နေသောကြောင့် သွေးများ အဆက်မပြတ်ထွက်နေခဲ့ပါတယ်။ ကံကောင်းထောက်မစွာ ဝေလငါးတစ်ကောင်ပေါ်လာပြီး ထိုအမျိုးသားကို ကယ်ခဲ့သောကြောင့်အသက်အန္တရာယ်ဘေးမှလွတ်ခဲ့ရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *