ငါးမန်းကို လက်သီးနဲ့ ထိုးခဲ့တဲ့ ဗြိတိန် ဆရာဝန်

အသက် ၂၅နှစ်အရွယ်ရှိတဲ့ ဗြိတိန်ဆရာဝန် ချာလီဖရိုင်းဟာ နိုဝင်ဘာလ ၁၃ရက်နေ့မှာ သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ မြောက်ဘက်ရှိ ကမ်းခြေတစ်တွင် ရေလွှာလှိုင်းစီးနေစဉ် သူ၏ညာဘက် ပုခုံးကို ငါးမန်းမှ တိုက်ခိုက်ခြင်းခံခဲ့ရပါတယ်။

မစ္စတာ ဖရိုင်းဟာ ၂၀၁၅ခုနှစ်တုန်းက ငါးမန်းနဲ့ အားပြိုင်ခဲ့တဲ့ မစ်ဖန်နင်ရဲ့အဖြစ်အပျက်က ငါးမန်ကိုပြန်လည် တိုက်ခိုက်နိုင်ရန် ခွန်အားတွေနဲ့ လှုံဆော်မှုတွေပေးခဲ့တဲ့အတွက် ရေထဲမှာ ငါးမန်မှတိုက်ခိုက်နေစဉ် ငါးမန်းအားသူ၏ ဘယ်ဘက်လက်သီးဖြင့် ငါးမန်း၏မျက်နှာကို ပြန်လည်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မစ္စတာဖရိုင်းကဆိုပါတယ်။

ငါးမန်းရဲ့တိုက်ခိုက်မှုကြောင့် မစ္စတာဖရိုင်းဟာ ခြစ်ရာတွေအပြင် လက်မောင်းမှာ ပေါက်သွားတဲ့ဒဏ်ရာနှင့်အတူ ရေလွှာလှိုင်းစီးတဲ့ ဘုတ်ပြားနဲ့ ကမ်းခြေကိုပြန်ရောက်လာတာဖြစ်ပါတယ်။

ကယ်ဆယ်ရေး ဟက်လီကော်ပတာက ဖရိုင်းပြောတဲ့နေရာမှာ အခင်းဖြစ်ပြီး မကြာမီသွားကြည့်ရာ ငါးမန်းတစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်။ ရဲတပ်ဖွဲ့၏ပြောပြချက်အရ ငါးမန်းဟာ ၆.၅ ပေ ရှည်တယ်လို့ သိရပါတယ်။ အာဏာပိုင်တွေက အဆိုပါကမ်းခြေကို နိုဝင်ဘာ ၁၄ရက်နေ့တွင် ပိတ်ထားမည်ဖြစ်ကြောင်း ကြေညာထားပါတယ်။

သြစတြေးလျနိုင်ငံ ကမ်းခြေတွေမှာ တစ်နှစ်တာအတွင်း ငါးမန်းတိုက်ခိုက်ခြင်းခံရမှုပေါင်း ၁၈ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးမှု တစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *