ငြိမ်းချမ်းရေးဆွေးနွေးဖို့ မြောက်ကိုရီးယားအား ဒေါ်နယ်ထရမ့် မှ ဖိတ်ခေါ်

နိုဝင်ဘာလ ၇ ရက်နေ့မှာ တောင်ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ဟာ တောင်ကိုရီးယား သမ္မတမွန်ဂျေအင်းနဲ့ အတူ သတင်းစာရှင်းလင်းပွဲ တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။ ၎င်းပွဲတွင် ထရမ့်က မြောက်ကိုရီးယား အနေဖြင့် နျူကလီးယား ခြိမ်းခြောက်မှုနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြောဆိုညှိုနှိုင်းခဲ့မယ်ဆိုရင် စစ်ရေးအရ အရေးယူနိုင်သည့်မေးခွန်းတွေကို အဆုံးသတ်နိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယား အာဏာရှင်ကို ငွေရေးကြေးရေးအရ အထောက်အပံ့ဖြစ်စေတဲ့ ကိစ္စတွေကို သူ့အနေနဲ့ လက်မခံ နိုင်ကြောင်း။ နျူကလီးယားနဲ့  ဒုံးကျည်စမ်းသပ်မှုကို ရပ်တန့်နိုင်ဖို့အတွက် တစ်ကမ္ဘာလုံးက မြောက်ကိုရီးယားနဲ့ ကုန်သွယ်မှုကို ရပ်ဆဲရလိမ့်မယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့် ဟာ သမ္မတဖြစ်ပြီးနောက် အာရှခရီးစဉ်အဖြင့် ဂျပန်၊တောင်ကိုရီးယား၊ တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံတွေကို သွားနေဒါဖြစ်ပါတယ်။ နိုဝင်ဘာလ ခြောက်ရက်နေ့တုန်းကလည်း မြောက်ကိုရီးယားရဲ့ ဘယ်ဒုံးကျည် ဘယ်လက်နက်မျိုးကိုမဆို ပစ်ချနိုင်ကြောင်း ဂျပန်မှနေပြီး ပြောခဲ့ပါသေးတယ်။

နိုဝင်ဘာလ၈ရက်နေ့မှာလည်း မြောက်ကိုရီးယားရဲ့ အကြီးမားဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်တဲ့ တရုတ်သို့ ခရီးစဉ်ရှိတယ်လို့ သိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *