ငွေစုဖြစ်စေဖို့

 

တစ်ခါတစ်ရံမှာ ပိုက်ဆံစုဖို့က မခဲယဉ်းပေမယ့် လွယ်ကူတဲ့အရာလည်း မဟုတ်ပါဘူး။ ဒီတစ်ခါမှာတော့ ပိုက်ဆံစုတတ်တဲ့အကျင့်ကို စတင်မွေးမြူရာမှာ အသုံးဝင်စေနိုင်မယ့် အချက်လေးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

နေ့စဉ်အသုံးစရိတ်များကို စာရင်းပြုလုပ်ပါ။

ပိုက်ဆံစုဖြစ်ဖို့အတွက် ပထမဆုံးခြေလှမ်းကတော့ နေ့စဉ်အသုံးစရိတ်တွေကို စာရင်းပြုစုတာပါပဲ။ သင့်မှာ နေ့စဉ်အသုံးစရိတ်စာရင်းရှိနေပြီဆိုရင် သင့်ရဲ့အသုံးစရိတ်ကို သေချာစီမံနိုင်ဖို့ အခွင့်အရေးရှိလာပါပြီ။

အသုံးစရိတ် သတ်မှတ်ပါ။

သင့်ရဲ့နေ့စဉ်အသုံးစရိတ်တွေကို သေချာစီမံခန့်ခွဲပြီးပြီဆိုရင် တစ်လအသုံးစရိတ်ကို သတ်မှတ်ပါ။ သင့်ရဲ့အသုံးစရိတ်က သင့်ရဲ့ဝင်ငွေနဲ့ ကာမိဖို့တော့ လိုပါတယ်။

ပိုက်ဆံစုဖို့ အစီအစဉ်ဆွဲပါ။

တစ်လစာအသုံးစရိတ်သတ်မှတ်ပြီးပြီဆိုရင် သင့်ရဲ့ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်း ဒါမှမဟုတ် ၁၅ ရာခိုင်နှုန်းကို စုဖို့အတွက် အစီအစဉ်စဆွဲပါ။

ပိုက်ဆံစုဖို့အတွက် ရည်မှန်းချက်တစ်ခုထားပါ။

သင်ဘာအတွက် ပိုက်ဆံစုမှာလည်းဆိုတာကို အရင်တွေးတောပါ။ ခရီးသွားဖို့လား၊ ပစ္စည်းဝယ်ဖို့လား ဘာအတွက်ပဲဖြစ်ဖြစ် ရည်မှန်းချက်တစ်ခုထားပြီး ပိုက်ဆံစုပါ။

ဦးစားပေးသတ်မှတ်ပါ။

ပိုက်ဆံစုဖို့ရည်မှန်းချက်ထားတဲ့အခါမှာ ရေတိုအတွက်မစဉ်းစားပါနဲ့။ ခရီးသွားဖို့စုတယ်ဆိုရင်လည်း ဒီခရီးသွားပြီးတာနဲ့ ပိုက်ဆံမစုတော့ဘူးဆိုတာမျိုး မလုပ်ပါနဲ့။ ပင်စင်ယူပြီးရင် သုံးဖို့။ အလုပ်နားပြီးရင်သုံးဖို့ စတဲ့ရေရှည်ရည်မှန်းချက်တွေကိုလည်း ဦးစားပေးထားရှိသင့်ပါတယ်။

မှန်ကန်တဲ့ ငွေစုပုံစံကို ရွေးချယ်ပါ။

ကိုယ်က ရေရှည်ပိုက်ဆံစုဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ပိုက်ဆံကို ကိုယ့်လက်ထဲမှာစုတာထက် ဘဏ်အကောင့်ထဲထည့်ထားတာက ပိုမိုစိတ်ချရပါလိမ့်မယ်။

စုငွေတိုးများလာတာကို စောင့်ကြည့်ပါ။

လစဉ်စုငွေစာရင်း တိုးလာတာကို စစ်ဆေးပါ။ စုငွေတွေတိုးလာတာနဲ့အမျှ သင့်ရည်မှန်းချက်လည်း ပိုမိုနီးလာပြီလို့ ခံစားရမှာဖြစ်တာကြောင့် ပိုက်ဆံဆက်စုဖို့ စိတ်ဓာတ်ခွန်အားလည်း ပိုမိုရရှိလာမှာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *