စကားပြောတဲ့ ကိုယ်အမူအရာများ

၁။ ပျင်းရိနေတဲ့ကိုယ်အမူအရာ နဲ့ စိတ်ဝင်စားနေတဲ့ကိုယ်အမူအရာ

၂။ မရင်းနှီးတဲ့ သဘောထား နဲ့ ကြိုဆိုတဲ့သဘောထား

၃။ ပထမပုံ- တရင်းတနှီးနဲ့ ကြည့်တဲ့ ဧရိယာ

ဒုတိယပုံ – ၎င်း ဧရိယာတစ်ဝိုက်ကို ကြည့်ခြင်းဖြင့် အခြေအနေတစ်ခုကို သင်ထိန်းချုပ်ကောင်းထိန်းချုပ်နိုင်တယ်။

တတိယပုံ – ဘုကြည့်ကြည့်တဲ့ ဧရိယာ ( တဏှာကြည့် )

၅။ ဘောင်းဘီအိတ်ထဲ လက်ထည့်ပြီး လက်မထုတ်ထားတာက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတာနဲ့ သာတယ် ဆိုတဲ့ သဘောကို ပြသနေတာဖြစ်ပါတယ်။

၆။ လူနှစ်ယောက်ဖက်နေတဲ့အချိန်မှာ ကျောကုန်းကိုပုတ်လိုက်တာက ရှုပ်ထွေးမှုကို ဖော်ပြနေပြီး မဖက်ချင်တော့တဲ့ အနေအထားဖြစ်ပါတယ်။

၇။ ပုံ ၁ – တစ်ခုခုကို တွေးနေတာဖြစ်ပါတယ်။

ပုံ ၂ – အသံကို အာရုံစိုက် မှတ်သားနေတာဖြစ်ပါတယ်။

ပုံ ၃ – ခံစားချက်တွေကို မှတ်သားနေတာဖြစ်ပါတယ်။

ပုံ ၄ – ပုံရိပ်တွေကို မှတ်သားနေတာဖြစ်ပါတယ်။

၈။ လူတစ်ယောက် တစ်စုံတစ်ခုကို စိတ်ကုန်နေပြီဆိုရင် ဒီလိုအမှုအရာလုပ်တတ်ပါတယ်။ တစ်ခုခုကို လှည့်ဖျားချင်နေတာလည်း ဖြစ်နိုင်ပါတယ်။

၉။ ပုံ ၁ – ဒီလိုထိုင်တဲ့ပုံစံကို ယောကျာ်းလေးအများစုက ဆွဲဆောင်မှုအရှိဆုံး ထိုင်ခြင်းလို့ စဉ်းစားပါတယ်။

ပုံ ၂ – ရှက်ပြီးတော့ ထိန်းထိန်းသိမ်းသိမ်း နေတဲ့ မိန်းကလေးတွေကတော့ ဒီလိုထိုင်လေ့ရှိပါတယ်။

၁၀။ မျက်စိပွတ်နေတဲ့သူက တစ်စုံတစ်ခုကို မတွေ့ချင် မမြင်ချင်လို့ ပွတ်နေတာဖြစ်နိုင်ပြီး အမြင်အာရုံ ချို့တဲ့မှုရှိနေတာလည်းဖြစ်နိုင်ပါတယ်။ လှည့်စားချင်တဲ့ သဘောလည်းဆောင်ပါတယ်။

၁၁။ ဒီပုံစံက တရင်းတနှီးမရှိတဲ့သူတွေထိုင်လေရှိတဲ့ပုံစံဖြစ်ပါတယ်။ လက်မချိုင်းကြားညှပ်ပြီးထောင်ထားတာက အဖက်မလုပ်တဲ့ စတိုင်ဖြစ်ပါတယ်။

၁၂။ ပုံ ၁ –  ဒီလူကတော့ စကားဝိုင်းဖြစ်ဖြစ်၊ အစည်းအဝေးပဲဖြစ်ဖြစ် မြန်မြန်အဆုံးသတ်ချင်တဲ့သူဖြစ်ပါတယ်။

ပုံ ၂ – ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့စတိုင်ဖြစ်ပြီး အကုန်သိ သူတစ်ယောက်ဖြစ်ပါတယ်။ အလုပ်မှာ ဒီလိုထိုင်ရင်တော့ မိန်းကလေးအများစုက မကြိုက်ကြပါဘူး။

၁၃။ ဒီလိုစတိုင်နဲ့ ထိုင်တဲ့သူတွေကျတော့ ခေါင်းမာတဲ့သူတွေဖြစ်ပြီး မုန်းဖို့ကောင်းတဲ့သူတစ်ယောက်ဖြစ်ကာ သူတစ်ပါးရဲ့ အမြင်တို့ကို မထီမဲ့မြင်ပြုတဲ့သူတွေဖြစ်ပါတယ်။

၁၄။ အကျီၤစကို ကိုင်နေတာတို့ လက်ရှည်စကို ကြည့်နေတာတို့က စိုးရိမ်စိတ်တွေ ဖြေလျှော့နေတဲ့သူဖြစ်ပါတယ်။

၁၅။ ဒီအနေအထားကတော့ တစ်ခုခုကို အကဲဖြတ်သုံးသပ်နေခြင်း၊ စဉ်းစားနေခြင်း ဒါမှမဟုတ် တစ်ခုခုကို ငြီးငွေ့သွားတာဖြစ်ပါတယ်။

၁၆။ သင့်လက်ဖဝါးကို တစ်ခြားလက်တစ်ဖက်မှာ ချိတ်ထားတာက စိတ်တည်ငြိမ်စေပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေပါတယ်။ ပထမပုံထက် နည်းနည်းမြှင့်ပြီး ချိတ်ထားတာဆိုရင်တော့ စိတ်မကောင်းဖြစ်စရာတွေရှိနေပြီး စိတ်ဆိုးနေတာဖြစ်ပါတယ်။

Leave a comment

Your email address will not be published.