စက်ရုပ်မှန်းမသိနိုင်တဲ့ ဂျပန်နိုင်ငံက စက်ရုပ်ကောင်မလေး

အလွန်ချောမောလှပတဲ့ မိန်းကလေးစက်ရုပ်တစ်ခုကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင့်ပခဲ့တဲ့ ၂၀၁၇ ခုနှစ် ဂိမ်းပြပွဲမှာ ပြသခဲ့ပါတယ်။ထိုစက်ရုပ်မလေးသည် ပြစ်သစ်နိုင်ငံ ကွန်တစ်ဒရီးမ်(Quantic Dream)ကုမ္ပဏီက တီထွင်ခဲ့တဲ့ စက်ရုပ်အမျိုးစားဖြစ်ပြီး ဂျပန်နိုင်ငံ ဆိုနီ အင်တာအက်တစ်ဗ် အန်တာတိန်းမန့် ဂိမ်းကုမ္ပဏီ(Sony Interactive Entertainment)က ပိုမိုကောင်းမွန်အောင် ဂိမ်းအမျိုးအစားတွေတိုးတက်တီထွင်ထုတ်လုပ်ခဲ့တာဖြစ်ပါသည်။

အလွန်ပင်ချောမောလှပပြီး လူသားမိန်းကလေးနဲ့တောင်မှားရပါတယ်လို့ လာရောက်ကြည့်ရှကြတဲ့ လူတွေကအံ့အားသင့်ပြီး ပြောဆိုုခဲ့ကြပါတယ်။ထိုစက်ရုပ်မလေး၏ အသေးစိတ်တီထွင်ထားပုံ၊ အလွန်လှပသောမျက်နှာနဲ့အပြုံး၊ ခြေလက်လှုပ်ရှားပုံတို့ဟာ တွေ့မြင်သူတွေအတွက်ကတော့ အလွန်ချောမောလှပတဲ့ လူသားစင်စစ် ကောင်မလေးတစ်ယောက်လို့ ထင်မြင်မိမှာအမှန်ပင်ဖြစ်ပါသည်။

ထိုပြပွဲတွင် စက်ရုပ်မလေးက လာရောက်သူတို့အား လက်ကလေးဝှေ့ပြီး နှုတ်ဆက်ခဲ့ပုံတွေကြောင့် ပြပွဲသို့လာရောက်ကြသူအများအပြားကို ဆွဲဆောင်နိုင်ခဲ့တယ်လို့လဲ သိရှိခဲ့ရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *