စင်ကာပူနိုင်ငံမှာ လစာအကောင်းဆုံး အလုပ်တွေကို သင်သိပါသလား

နှစ်ပေါင်းများဆင်းရဲမွဲတေမှုတွေနဲ့ ရင်ဆိုင်နေခဲ့ကြရတဲ့ မြန်မာနိုင်ငံသားတွေဟာဟာ သူတို့ရဲ့ တောက်ပတဲ့ အနာဂတ် တစ်ခုကိုမျှော်လင့်ရင်း ပြည်ပနိုင်ငံတွေဆီ ခရီးဆန့်ခဲ့ကြရတာကြာခဲ့ပါပြီ။ ဒီလိုပြည်ပသွားပြီး ငွေရှာတယ်ဆိုတာ ဟိုခေတ် တုန်းကတော့ လူတိုင်းအတွက် မလွယ်ရေးချမလွယ်တဲ့ အလုပ်ပါပဲဗျာ။ ဒါကြောင့်လည်း အဲဒီခေတ်တုန်းက သင်္ဘော သားဆိုရင် နှစ်ခါပြန်ကြည့်ခံရတဲ့ လူမျိုးပေါ့။ တစ်ခေတ်တစ်ခါကတော့ ဘယ်လောက်တောင် ခေတ်စားခဲ့ပြီး လူအထင် ကြီးခဲ့တဲ့ လုပ်ငန်းတစ်ခုဖြစ်ခဲ့သလဲဆိုရင် ကွယ်လွန်သွားခဲ့တဲ့ နိုင်ငံတော်အဆိုတော်ကြီး ဟင်္သာတထွန်းရင်တောင် သင်္ဘောသားလေးဖြစ်ရပါလို၏လို့ ဆိုခဲ့ဖူးတဲ့ အထိပါပဲ။
ခေတ်စနစ်တွေ တဖြည်းဖြည်းပြောင်းလဲလာတော့ အလုပ်ကြမ်းကအစ ပညာသည်တွေအထိ ပြည်ပထွက်ပြီး ငွေရှာလာ ခဲ့ကြပါတယ်။ဒီလိုထွက်ကြတဲ့အခါ အများစုရဲ့ ဦးတည်ရာကတော့ မိမိရဲ့ အရည်အချင်းနဲ့ အခြေအနေပေါ်မူတည်ပြီး အနီးဆုံး ထိုင်း၊မလေး၊စင်ကာပူ၊ဂျပန်၊အော်စီ၊ဒူဘိုင်းစတဲ့ နိုင်ငံတွေပဲဖြစ်ကြပါတယ်။ ဒီနိုင်ငံတွေထဲမှာ ပညာအရည်အချင်း အဆင့် တစ်ခုအထိရှိထားတဲ့ မြန်မာတွေအတွက် အသွားအလာအများဆုံးနိုင်ငံကတော့ စင်ကာပူနိုင်ငံပဲ ဖြစ်ပါတယ်။ သွားလာ ရလွယ်ကူသလို လစာကလည်းအတော်ကောင်းတာကြောင့် စင်ကာပူမှာ အလုပ်လုပ်နိုင်တဲ့ သူတွေအများစု အဆင်ပြေ ကြတာကိုတွေ့ရပါတယ်။ တတိယကမ္ဘာကနေ ပထမ ကမ္ဘာ့နိုင်ငံဖြစ်သွားတဲ့ စင်ကာပူကလည်း ခုချိန်ထိ ပြည်ပကျွမ်း ကျင် ဝန်ထမ်းတွေ လိုအပ်နေဆဲဖြစ်နေသလို နိုင်ငံရပ်ခြားကငွေရှာကြသူတွေအတွက် လစာအများဆုံးနဲ့ ဆွဲဆောင်မှု အကောင်းဆုံးနေရာဖြစ်နေဆဲပါပဲ။ ဒါ့ကြောင့် စင်ကာပူသွားဖို့ စိတ်ကူးနေတယ်ဆိုရင် အောက်မှာဖေါ်ပြထားတဲ့ လစာ အကောင်းဆုံးအလုပ် ၃၈ မျိုးကို သင်သိထားဖို့ လိုပါလိမ့်မယ်။
(၁)ACCOUNTINGလောကမှအလုပ်၄မျိုး
(၂) BANKING & FINANCE လောကမှ အလုပ် ၉ မျိုး


(၃) ENGINEERING & CONSTRUCTION လောကမှ အလုပ်၂ မျိုး


(၄) HR လောကမှ အလုပ် ၄ မျိုး


(၅) ဥပဒေလောကမှ အလုပ် ၁ မျိုး


(၆) အိုင်တီနည်းပညာလောကမှ အလုပ် ၉ မျိုး


(၇) မားကက်တင်းလောကမှ အလုပ် ၆ မျိုး


(၈) အရောင်းလောကမှ အလုပ် ၃ မျိုး


လုပ်သက် အနည်းဆုံး ၅နှစ်အထက်ရှိတဲ့သူတွေအတွက် အောက်ပါအလုပ်တွေဟာ လစာအများဆုံး အလုပ်တွေ ဖြစ်ကြပါတယ်။


ဒီပလိုမာတစ်ခုခုရှိထားသူတွေအတွက် အောက်မှာပြထားတဲ႔ အလုပ်တွေက လစာ အကောင်းဆုံးဖြစ်ပါတယ်။

စင်ကာပူနိုင်ငံမှာ သမ္မတတစ်ယောက်ရဲ့လစာဟာ တစ်နှစ် ဒေါ်လာ ၁.၅ သန်းရတာကြောင့် တစ်လဒေါ်လာ ၁၃၀၀၀၀ လောက်ရပြီး ဝန်ကြီးချုပ်ရဲ့ တစ်နှစ်ဝင်ငွေလစာက ဒေါ်လာ ၂.၂ သန်းရှိတာကြောင့် တစ်လ ၁၈၃၀၀၀ လောက်ရရှိ ကြောင်း သိရပါတယ်။

Ref: ASIA ONE

Leave a comment

Your email address will not be published. Required fields are marked *