စင်ကာပူ လေကြောင်းလိုင်းမှ လေယာဉ်မှူးတစ်ဦး နေရာပေး မှားတဲ့ အတွက် ရာထူးချခံရ

လူ့လောကမှာ ရာထူးနေရာဆိုတာကို အင်မတန် တန်ဖိုးထားတတ်ကြတာ သဘာဝကျပါတယ်။ ရာထူးနေရာတစ်ခုရဖို့ အတွက် အချိန်နဲ့ လုပ်ဆောင်ချက်ပေါင်းများစွာကို ပေးဆပ်ခဲ့ကြရတာကြောင့် ရာထူးနေရာဆိုတာကို လူတွေတန်ဖိုး ထား တတ် ကြတယ်ထင်ပါရဲ့။ဒါပေမဲ့တစ်ခါတလေမှာ လူတစ်ချို့က စိုင်ကော်လို့ ခြုံပေါ်ရောက်ဆိုသလို ထိုက်တန်တဲ့ ပေးဆပ် မှုမျိုးတွေမရှိပါဘဲ ရာထူးနေရာကို ကံကောင်းပြီးရောက်လာတတ်ကြတာလည်း ရှိတတ်ပါတယ်။ တစ်ခါတစ်ရံမှာ သူနဲ့ ထိုက်တန်ပါရဲ့လို့ မိမိနေရာကို ဖယ်ပေးပြီး နေရာပေးတတ်တာတွေလည်းရှိတတ်ပါတယ်။ ဘယ်လိုပဲနေရာ ရလာပါစေ၊ ထိုက်တန်တဲ့ ပေးဆပ်မှုမျိုးမရှိဘဲနဲ့ ရလာတဲ့နေရာကတော့ ရလာသူအတွက်ရော၊ ပေးလိုက်သူ အတွက်ရော အန္တရာယ် များလှပါတယ်။ တစ်ခါတလေမှာ အရေးမကြီးပါဘူးလို့ထင်မှတ်ပြီး ခဏယာယီသဘောနဲ့ နေရာပေး တာ တွေဟာလည်း အများရဲ့ လုံခြုံရေးနဲ့ ပတ်သက်လာရင် အရေးကြီးသွားတတ်တာမျိုးဖြစ်တတ်ပါတယ်။

လွန်ခဲ့တဲ့ ဇနဝါရီလ ၁၂ က်နေ့ က စင်ကာပူကနေ သြစတြေးလျားနိုင်ငံ မဲလ်ဘိန်း( Melbourne)မြို့ကို ပျံသန်းခဲ့တဲ့ စင် ကာပူ လေကြောင်းလိုင်း ခရီးစဉ်တစ်ခုမှာ လေယာဉ်မှူးဟာ သူရဲ့ထိုင်ခုံမှာ လေယာဉ်မယ်ကိုထိုင်ခွင့်ပြုပြီး ဓါတ်ပုံ ရိုက် ခွင့်ပေး ခဲ့တာကြောင့် ရာထူးချတဲ့နေနဲ့ မောင်းနှင်ခွင့်ယာယီရပ်ဆိုင်းခံခဲ့ရပါတယ်။ လေယာဉ်မှူးထိုင်ခုံမှာထိုင်ပြီး ဓါတ်ပုံ ရိုက်ခံခဲ့တဲ့ လေယာဉ်မယ်လေးကတော့ ရာထူးမှဖယ်ရှားခံခဲ့ရပါတယ်။

ပြောခွင့်ရသူရဲ့အပြောအရတော့ လေယာဉ်မယ် လေးကလည်း အသွားမတော်တစ်လှမ်းဆိုသလို ဖြစ်သွားတယ် ထင်ပါရဲ့။ လေယာဉ်မယ်လေးဟာ လေယာဉ်ခေါင်းခန်းထဲက စားသောက်ဗန်းတွေကို သန့်ရှင်းရေးလုပ်ပြီး မှန်ပြတင်းမှာ စွန်း ထင်းနေတာတွေကို သန့်ရှင်းရေးလုပ်ဖို့ အတွက် လေယာဉ်မှူးရဲ့ ခုံပေါ်မှာ ထိုင်လိုက်တာဖြစ်ပါတယ်။ တစ်ခါမှ မရောက်ဖူးတဲ့နေရာ၊မြင်ရတဲ့ မြင်ကွင်းတွေက လေယာဉ်မယ်လေးကို ဓါတ်ပုံရိုက်ဖို့ အထိ ဆွဲခေါ်သွားတာကြောင့် သူမ ကလေယာဉ်မှူးကို ဓါတ်ပုံရိုက်ပေးဖို့ တောင်းဆို လိုက်ပါတယ်။

ဒီတဒင်္ဂအဖြစ်အပျက်ဟာ လေယာဉ်ခရီးစဉ်အတွက် ဘာမှမဖြစ်သွားပေမယ့် လေယာဉ်မှူးနဲ့ သူမအတွက်တော့ ဘဝ အပြောင်းအလဲကို ဖြစ်ပေါ်စေခဲ့တာ အမှန်ပါပဲ။ အင်မတန်စည်းကမ်းကောင်းပြီး ကမ္ဘာ့အကောင်းဆုံးစာရင်ဝင် စင်ကာ ပူလေကြောင်းလိုင်းအတွက် ဒီလူနှစ်ယောက်ရဲ့ တဒင်္ဂလုပ်ဆောင်ချက်က နောက်လူတွေအတွက်ပါ တသက်မှတ် စရာဖြစ်သွားလိမ့်မယ်ထင်ပါတယ်။
Source:Asiaone

Leave a comment

Your email address will not be published. Required fields are marked *