စင်္ကာပူမှာ အစ္စလန်မစ်အစွမ်းရောက်စာအုပ်(၃)အုပ်ကို ပိတ်ပင်

ဘာသာခြားလူမှုအသိုင်းအဝိုင်းတွေကြား ရန်လိုမုန်းတီးမှုတွေဖြစ်လာအောင် လှုံ့ဆော်ရေးသားထားတဲ့ အစ္စလန်မစ် အစွမ်းရောက်အယူအဆတွေပါတဲ့ စာအုပ် သုံးအုပ်ကို စင်္ကာပူဆက်သွယ်ရေးနဲ့ ပြန်ကြားရေးဝန်ကြီးဋ္ဌာန (MCI)က ဒီကနေ့ နိုဝင်္ဘဘာလ ၂၀ရက် အင်္ဂါနေ့မှာ ပိတ်ပင်တားမြစ်လိုက်ကြောင်း စီအင်အေ သတင်းအရ သိရပါတယ်။
အဲဒီစာအုပ် ၃ အုပ်က Shaykh al-Islaam Muhammad ibn ‘Abdil-Wahhaab ရေးသားတဲ့ That Nullify One’s Islaam ၊Yahiya Emerick ရေးသားတဲ့ What Islam Is All About (StudentTextbook) နဲ့ Abuhuraira Abdurrahman ရေးသားတဲ့ The Wisdom of Jihad စာအုပ်တို့ဖြစ်ကြပါတယ်။စာအုပ် ၃ အုပ်မှာ ၂ အုပ်က ဘာသာတစ်ခုအတွင်းက မတူညီတဲ့ အုပ်စုနှစ်ခုကို သဘောထားကွဲလွဲစေတယ်လို့ MCI ကဆိုပါတယ်။ဒါ့အပြင် စာအုပ်တွေမှာပါဝင်တဲ့ အတွေးအခေါ်တွေဟာ စင်္ကပူနိုင်ငံတွင်းက ဘာသာအချင်းချင်း ဆက်ဆံရေးနဲ့ သဟဇာတ ဖြစ်မှုကို ပျက်စီးစေနိုင်တဲ့အတွက် ဒီစာအုပ်တွေကို ပိတ်ပင်ရတယ်လို့ ဆိုပါတယ်။

စင်္ကာပူနိုင်ငံအနေနဲ့ လူတစ်ဦး ချင်းပဲဖြစ်ဖြစ်၊အများပြည်သူပဲဖြစ်ဖြစ်၊ဘာသာရေးအုပ်စုတွေကြားရန်လိုမုန်းတီးမှုတွေနဲ့ အကြမ်းဖက်မှုတွေဖြစ်ပွားအောင်လှု့ဆော်တာမျိုးကို လုံဝသီးခံမှာမဟုတ်တဲ့အကြောင်း၊ဒီအကြောင်းကြောင့် ဒီစာအုပ် တွေကို ပိတ်ပင်ရခြင်းဖြစ်တယ်လို့ MCI ကဆိုပါတယ်။ပိတ်ပင်မှုဟာ မနက်ဖန်ကစပြီးအာဏာတည်မှာ ဖြစ်တဲ့အတွက် ဒီစာအုပ်ရှိတဲ့လူတွေ ရဲလက်သို့အပ်နှံကြရမှာဖြစ်ပါတယ်။စင်္ကာပူ အစ္စလန်ဘာသာရေး ကောင်စီ(MUIS)ကလည်း ဒီစာအုပ်တွေထဲက အတွေးအခေါ်တွေဟာ ရာဇဝတ်မှု၊အကြမ်းဖက်မှုတွေကို ဦးတည်စေပြီး ငြိမ်းချမ်းရေးနဲ့ ဆန့်ကျင်ဖက်ဖြစ်တယ်၊လူမှုရေးနဲ့ ဘာသာရေးကို အကျိုးယုတ်စေတယ်လို့ဆိုပါတယ်။

Things That Nullify One’s Islaam စာအုပ်က အစ္စလန်ဘာသာဝင်မဟုတ်သူတွေကို မုန်းတီး အောင်လှုံ့ဆော် ပေးပြီး What Islam Is All About (Student Textbook) စာအုပ်ကတော့ အစ္စလန်မစ်နိုင်ငံထူထောင်ခြင်းရဲ့ အရေးပါပုံကို ရေးသား ဖေါ်ပြထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မူဆလင် အစိုးရ တွေဟာ ကြောင်သူတော်တွေဖြစ်ကြပြီး ခရစ်ယန်တွေရဲ့ ကျေးကျွန်တွေဖြစ်တယ်လို့လည်း စွပ်စွဲရေးသားထားသလို စာရေးသူဟာ အစ္စလန်ဘာသာဝင် မဟုတ်သူ၊အထူးသဖြင့် ခရစ်ယာန်တွေကို မတရားအပုတ်ချရေးသားထားတယ်လို့ MCI က ဆိုပါတယ်။

တတိယ စာအုပ်ကတော့ မူဆလင် မဟုတ်သူတွေကို ဂျီဟတ်ဘာသာရေးစစ်ပွဲဆင်နွှဲကြဖို့အတွက် လက်နက်စွဲကိုင်ကြဖို့ ရေးသား ထားတယ်လို့ ဆိုပါတယ်။ စာအုပ်တွေမှာပါတဲ့ အယူအဆတွေက အနောက်အုပ်စု အပေါ်ရန်လိုမုန်းတီးစိတ်ကို ဖြစ်ပေါ်လာအောင် လှုံ့ဆော်ရေး သားထားတာဖြစ်တယ်လို့ ဆိုပါတယ်။အစိုးရအနေနဲ့ ဒီစာအုပ်ကို ကူးယူဖြန့်ဝေ တာမျိုးလုံးဝ မလုပ်ဖို့လည်း သတိပေး ထားပါတယ်။တကယ်လို့ ရဲလက်ကိုမအပ်နှံပဲ ကူးယူဖြန့်တာမျိုးကျူးလွန်ရင်တော့ ထောင်ဒဏ်ရော ငွေဒဏ်ပါ ချမှတ် ခံရမှာဖြစ်တယ်လို့ သတင်းရရှိပါတယ်။

Ref:CNA

Leave a comment

Your email address will not be published. Required fields are marked *