စပါးနောက်ခံလူ ဒယ်နီရို့စ်ကို မန်ယူမှ ခေါ်ယူတော့မည်

မန်ယူနည်းပြ မော်ရင်ဟိုအနေဖြင့် အသင်းရဲ့ ဘယ်နောက်ခံနေရာမှာ ခြေစွမ်းပြကစားနေတဲ့ အက်ရှ်လေယန်းဟာ အသက်အရွယ်အားဖြင့် ကြီးမြင့်နေပြီဖြစ်တဲ့အတွက် ၎င်း၏နေရာတွင် အစားထိုးနိုင်ဖို့အတွက် စပါးအသင်းမှ ဒူးဒဏ်ရာမှ ပြန်လည် ကောင်းမွန်လာတဲ့ ဒယ်နီရို့စ်ကို ပေါင် ၅၀နှင့် ဝယ်ယူရန် ကမ်းလှမ်းသွားမယ်လို့ ဆိုပါတယ်။

ဒယ်နီရို့စ်ဟာ အခုလက်ရှိမှာ ဒူးဒဏ်ရာမှပြန်လည် ကောင်မွန်လာစ အခြေအနေဖြစ်တဲ့အတွက် စပါးအသင်းအနေဖြင့် အရန်ကစားသမားအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ ထို့ကြောင့် ပေါင်၅၀နှင့် ကမ်းလှမ်းမယ်ဆိုရင် လက်ခံဖို့ အခြေအနေရှိနေပါတယ်။

စပါးအသင်းဟာ ၎င်း၏ ယာဘက်နောက်ခံကစားသမား ကိုင်လီဝေါ်ကာ ကိုလည်း မန်စီးတီးအသင်းကို ရောင်းချခဲ့ပြီးဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *