စိတ်ဖိစီးမှုကိုသက်သာစေမယ့် အစားအစာများ

ရုပ်ပိုင်းဆိုင်ရာကိုသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေနိုင်တဲ့ စိတ်ဖိစီးမှုဒဏ်က ကင်းဝေးစေနိုင်တဲ့ နည်းလမ်းတွေ အများအပြားရှိပါတယ်။ နည်းလမ်းတွေအများကြီးထဲကမှ စိတ်ဖိစီးမှုကို တိုက်ဖျက်ပေးနိုင်တဲ့ အစားအစာများကို လေ့လာကြည့်ကြရအောင်။

၁။ Blueberry

Blueberry မှာပါဝင်တဲ့ antioxidant က စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ ဒါ့အပြင် ဗီတာမင် E ၊ ဗီတာမင် C နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ပါဝင်တာကြောင့် စိတ်ဖိစီးမှုမှ ကင်းဝေးစေဖို့ ကူညီပေးနိုင်ပါတယ်။ Blueberry ကို မှန်မှန်စားသုံးပေးမယ်ဆိုရင် စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ အိပ်မပျော်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်းတို့ကိုပါ သက်သာစေမှာပါ။

၂။ နွားနို့

နွားနို့တစ်ခွက်က ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်၊ ပရိုတင်း၊ antioxidant ၊ ဗီတာမင် A နဲ့ D ကို အပြည့်အ၀ ထောက်ပံ့ပေးနိုင်ရုံသာမက စိတ်ဖိစီးမှုကိုပါ လျှော့ချပေးနိုင်ပါတယ်။ ညမအိပ်ခင် နွားနို့တစ်ခွက်ပုံမှန်သောက်ပေးတာကလည်း သင့်ကို ကောင်းကောင်းအိပ်ပျော်စေနိုင်မှာပါ။

၃။ Dark Chocolate

Dark Chocolate ကို နေ့စဉ်စားသုံးပေးတာကလည်း စိတ်ဖိစီးမှုကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ Dark Chocolate မှာပါဝင်တဲ့ မဂ္ဂနီဆီယမ်နဲ့ သတ္ထုဓာတ်တွေက စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ရုံသာမက ပင်ပန်းနွမ်းနယ်ခြင်းတွေကိုပါ လျော့ကျစေပါတယ်။

၄။ ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးမှာ omega-3 fatty acid ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်စွမ်းဆောင်ရည်ကို မြင့်မားစေပြီး စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။

၅။ ထောပတ်သီး

ထောပတ်သီးမှာ ပရိုတင်း၊ ဗီတာမင် C ၊ ဗီတာမင် E ၊ သတ္ထုဓာတ်များ၊ ပိုတက်ဆီယမ်နဲ့ အမျှင်ဓာတ်  တွေပါဝင်တာကြောင့် ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေပြီး စိတ်ဖိစီးမှုကို သက်သာစေပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *