စိတ်ဖိစီးမှုများလျော့ကျစေနိုင်မယ့် နည်းလမ်းများ

စိတ်ဖိစီးမှုဆိုတာ လူတိုင်းရှောင်လွှဲလို့မရတဲ့ အရာတစ်ခုပါ။ ဒါပေမယ့် ဘဝဆိုတဲ့အချိန်က တိုတောင်းပါတယ်။ သင့်ရဲ့တစ်ပတ်တာအချိန်ကာလမှာ နာရီလေးဆယ်ထက်ပိုပြီး စိတ်ဖိစီးမှုကို အချိန်မပေးသင့်ပါဘူး။ တကယ်လို့ သင့်အနေနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေနေတယ်ဆိုရင်တော့ ဒီအကြံပြုစာလေးကို အဆုံးထိဖတ်သွားဖို့ အကြံပြုလိုပါတယ်။

သီချင်းနားထောင်ပါ။

သီချင်းနာထောင်ခြင်းက စိတ်ကိုပျော်ရွှင်လန်းဆန်းစေရုံသာမက စိတ်ဖိစီးမှုများကို လျော့ကျစေနိုင်တာကြောင့် စိတ်ဖိစီးမှုကိုခံစားနေရပြီဆိုရင် ခဏတစ်ဖြုတ်သီချင်းနားထောင်လိုက်ပါ။

အလုပ်တာဝန်တွေကို စနစ်တကျစီမံပါ။

အလုပ်တွေတောင်လိုပုံနေတဲ့အခါ ဘယ်ဟာစလုပ်ရမှန်းမသိတာကနေ စိတ်တွေရှုပ်လာပြီး စိတ်ဖိစီးမှုကို မလွဲမသေကြုံရပါလိမ့်မယ်။ အဲ့ဒီလိုအချိန်မျိုးဟာ အလုပ်တွေကို စနစ်တကျစီမံပြီး ပြီးဆုံးအောင်လုပ်တာက ကိုယ့်အတွက်လည်း စိတ်ဖိစီးမှုကို ခံစားရမှာမဟုတ်သလို ကုမ္ပဏီအတွက်လည်း ကောင်းကျိုးကို ခံစားရစေမှာပါ။

အိပ်ရေးမပျက်ပါစေနဲ့။

ညဘက်အိပ်ရေးပျက်တာက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ အခြေခံအကျဆုံးအချက်ဖြစ်ပါတယ်။ အိပ်နေတဲ့အချိန်မှာ ဦးနှောက်က အဆိပ်အတောက်တွေကို ဖယ်ထုတ်နေတာလို့ လေ့လာတွေ့ရှိထားပါတယ်။ အိပ်ရေးဝဝမအိပ်တဲ့အခါ အဆိပ်အတောက်တွေကို အကုန်မဖယ်ရှားနိုင်တဲ့အတွက် အာရုံစူးစိုက်မှုမလုပ်နိုင်သလို စိတ်ဖိစီးတတ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုမရှိအောင် အိပ်ရေးဝဝအိပ်သင့်ပါတယ်။

 

စိတ်ဖိစီးမှုတွေကြားက ရုန်းထွက်ပါ။

အလုပ်သွားရမှာ စိုးရိမ်နေလို့ အိပ်ရာထဲကတောင် မထွက်ရဲတဲ့အဖြစ်မျိုးကြုံတွေ့နေရပြီဆိုရင်တော့ သင့်အနေနဲ့ အဲ့ဒီအခြေအနေက ရုန်းထွက်ပြီး စိတ်သက်သာရာရနိုင်မယ့် အခြေအနေကို ရှာသင့်ပါပြီ။ အလုပ်ထွက်လိုက်လို့ ဝင်ငွေမရှိမှာကို စိုးရိမ်ပြီး အလုပ်မထွက်နိုင်သေးဘူးဆိုရင်လည်း ခဏတစ်ဖြုတ်တော့ သင့်ရဲ့ပင်ပန်းနွမ်းနွယ်နေတဲ့စိတ်ကို အနားပေးသင့်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *