စုံတွဲများကြားတွင် ငွေကြေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးမယ့် Honey due App

ဒီကနေ့ ဆန်းသစ်မြန်မာ စာဖတ်သူ ပရိတ်သတ်များအတွက် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲနိုင်ရန် application တစ်ခုနှင့် မိတ်ဆက်ပေးပါရစေ။

Eugene Park နှင့် Thein Tran လို့ ခေါ်တဲ့ စုံတွဲလင်မယားက စုံတွဲများကြားတွင် အမြဲဖြစ်နေသော ငွေကြေးပြသနာများကို ဖြေရှင်းရန်အတွက် app ကိုတီထွင်ခဲ့ပါတယ်။ Honey Due application ဟာ အခြားငွေကြေးဆိုင်ရာ app များလိုဘဲ အလုပ်လုပ်ပါတယ်။

အဆိုပါ app ကိုအသုံးပြုရန် profile တစ်ခုတည်ဆောက်ဖို့လိုအပ်ပါတယ်။ ပြီးရင်တော့ bank account information ကို ဖြည့်ဆွက်ရမှာဖြစ်ပါတယ်။ ဤapp ကိုစုံတွဲလင်မယားများသာမက အခြားလူများနှင့်လည်း sharing လုပ်ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်။ စုံတွဲမောင်နှံများ လက်မထပ်မီ ပိုက်ဆံစုဆောင်းလေ့ရှိကြပါတယ်။ ဒါပေမဲ့ အမှန်တကယ် လက်ထပ်ချိန်ရောက်တဲ့ အခါမှာတော့ ပိုက်ဆံသုံးခြင်း လွန်ကျွံသွားသောကြောင့် ပြသနာခဏခဏဖြစ်ရပါတယ်။

ငွေရေးကြေးရေးကိစ္စဟာ အသက်အရွယ်မရွေးစုံတွဲများကြားမှာ ဖြစ်တတ်သောပြသနာဖြစ်ပြီး ထိုကိစ္စနှင့်ပင် လင်မယားစုံတွဲများကွဲကွာကြပါတယ်။ အဆိုပါပြသနာများကို HoneyDue Application နှင့် ဖြေရှင်းလို့ရပြီဖြစ်ပါတယ်။

Download link – https://itunes.apple.com/app/id1157633945
မှတ်ချက်။ ။ iPhone user များအတွက် သီးသန့်ထုတ်လုပ်ထားသော app တစ်ခုဖြစ်ပြီး May 2017 တွင် Apple မှ ထုတ်ပြန်သော “New Apps We Love” စာရင်းဝင်ခဲ့ပါတယ်။

Leave a comment

Your email address will not be published.