စောင့်ကြည့်ကြရမယ့် အိမ်နီးချင်းထိုင်းရွေးကောက်ပွဲ

၂၀၁၄ ခုနှစ်ကတည်းက နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် စစ်အာဏာသိမ်းခဲ့တဲ့ ထိုင်းနိုင်ငံမှာ မနက်ဖန်ဆိုရင် နိုင်ငံ အဝန်း အထွေထွေရွေးကောက်ပွဲအတွက် ထိုင်းပြည်သူတွေ မဲပေးကြရတော့မှာဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် မဲပေးပြီး က တည်းက ဆန္ဒမဲ ပေးခွင့်အခြေအနေမရခဲ့ကြတဲ့ ထိုင်းပြည်သူတွေ အနှစ်နှစ်အလလမျှော်လင့်ခဲ့ကြတဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲကြီးနဲ့ ဆန္ဒမဲပေးဖို့ မျှော်လင့်ချက်အိမ်မက်တွေ အခုတော့ တကယ်အကောင်အထည်ပေါ်လာခဲ့ပါပြီ။ မ နက်ဖန်တနင်္ဂနွေနေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် ထိုင်းရွေးကောက်ပွဲကော်မရှင်ကလည်း အ ဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ မနက်ဖန်ပြည်သူတွေအေးချမ်းတည်ငြိမ်စွာနဲ့ မဲပေးနိုင်ကြဖို့ အတွက် နံနက် ၆ နာရီကနေ ညနေ ၆နာရီအထိ အရက်သေစာသောက်စားခြင်းကို လုံးဝတားမြစ်ထားပါတယ်။

စစ်ဗိုလ်ချုပ်ကြီးဘဝကနေ နိုင်ငံရေးလောထဲကို ဝင်ရောက်ပြီး ဝန်ကြီးချုပ်ဖြစ်လာနိုင်ခြေရှိတဲ့ လက်ရှိဝန်ကြီးချုပ် ဗိုလ် ချုပ်ကြီး Prayut Chan-o-cha ကတော သူ့ပါတီ Palang Pracharath Party (PPRP)ရဲ့ ထောက်ခံသူ ပြည်သူ တွေနဲ့တွေ့ဆုံပွဲမှာ ထိုင်းနိုင်ငံအတွက်ဆိုရင် အင်မတန်ပြင်းပြတဲ့ စိတ်ဆန္ဒရှိပါတယ်လို့ ပြောပြီး ထောက်ခံသူတွေရဲ့ လက်ခုတ် သံတွေကို ရယူခဲ့ပါတယ်။ ဒီပွဲကို ထိုင်းအမျိုးသားအားကစားရုံအနီးက Thephasdin အားကစားရုံမှာ ပြုလုပ်ခဲ့တာ ဖြစ် ပါတယ်။

လက်ရှိဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး Prayut အတွက်တော့ ရွေးကောက်ပွဲဥပဒေတွေကို ချိုးဖေါက်တယ်လို့ စွပ်စွဲခံရမှာစိုးရိမ်တဲ့ အတွက် မဲဆွယ်ပွဲတွေကို မတက်ရောက်ခဲ့ပေမယ့် ဒီပွဲကတော့ ပါတီခေါင်းဆောင်တစ်ဦးအနေနဲ့ ပထမဆုံးအကြိမ်လူရှေ့ထွက်ပြခဲ့တာဖြစ်ပါတယ်။ ဒီပွဲကို လူဦးရေ ၁၀၀၀၀ လောက်တက်ရောက်ခဲ့ကြပါတယ်။

နောက်ထပ်ပြိုင်ဖက်ပါတီကြီးတစ်ခုဖြစ်တဲ့ Pheu Thai ပါတီရဲ့ လူထုတွေ့ဆုံပွဲကိုလည်း ဘန်ကောက်မြို့တော် Din Daeng ခရိုင်က ဂျပန်-ထိုင်းဘန်ကောက်လူငယ်စင်တာမှာ ပြုလုပ်ခဲ့ပါတယ်။ ဝန်ကြီးချုပ်အဖြစ် အရွေးခံမယ့် Khunying Sudarat Keyuraphan ကတော့ ပါတီအနေနဲ့ အမတ်နေရာအများစုအနိုင်ရရုံတင်မက အစိုးရရဲ့အာဏာစွဲကိုင်ထား မှု ကို ရပ်တန့်ဖို့အတွက်လည်း လိုအပ်တဲ့အမတ်ဦးရေရဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။ ဒီပွဲကိုတော့ ထောက်ခံသူ ၃၀၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။

ဒီလိုပါပဲ နောက်ထပ် ပြိုင်ဖက်ပါတီတစ်ခုဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အဘီဆစ်ရဲ့ ဒီမိုကရက်ပါတီ နောက်ဆုံးစုဝေးပွဲကို လည်း Lan Khon Muang မြို့တော်ခန်းမအပြင်ဖက်က မြူနီစီပယ်ကွင်းကြီးမှာကျင်းပခဲ့ပါတယ်။ဒီပွဲကို ဝန်ကြီးချုပ်ဟောင်း ချွန်လိပိုင်လည်းတက်ရောက်ခဲ့ပါတယ်။ပါတီခေါင်းဆောင် အဘီဆစ်ကတော့ အရိုးသားဆုံးသော ဒီမိုကရေစီနဲ့ တိုင်းပြည် စီးပွားဖွံ့ဖြိုးဖို့ကို အဓီကဦးတည်မယ်လို့ ပြောခဲ့ပါတယ်။ဒီပွဲကို ထောက်ခံသူ ၅၀၀၀ လောက်တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံရေးလောကကို မကြာသေးခင်ကမှ စတင်ဝင်ရောက်ခဲ့တဲ့ လူငယ်နိုင်ငံရေးသမား Future Forward Party (FFP) ရဲ့ ခေါင်းဆောင်Thanathorn Juangroongruangkit ကတော့ သူသာအနိုင်ရမယ်ဆိုရင် စစ်အာဏာရှင် တွေအစဉ်အဆက်အုပ်ချုပ်တဲ့ စနစ်ကို ဖျက်သိမ်းသွားမယ်လို့ ကတိပြုပြောဆိုခဲ့ပါတယ်။ ဒီပွဲကို ထောက်ခံသူ ပရိတ်သတ် ၄၀၀၀ လောက်တက်ရောက်ခဲ့ကြပါတယ်။

မနက်ဖန်တနင်္ဂနွေမှာ ကျင်းပမယ့် ထိုင်းရွေးကောက်ပွဲကြီးမှာ လက်ရှိ ဝန်ကြီးချုပ်စစ်ဗိုလ်ချုပ်ကြီးကပဲ နိုင်ငံကို ဆက် လက်အုပ်ချုပ်သွားနိုင်မလား၊ဒါမှမဟုတ် သူ့ပြိုင်ဖက် တွေထဲကတစ်ဦးဦးများ ဝန်ကြီးချုပ်ဖြစ်လာ မလားဆိုတာကိုတော့ ထိုင်းပြည်သူတွေက ရွေးချယ်ပေးကြတော့မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာနဲ့ အနီးကပ်ဆုံး ထိုင်းနိုင်ငံရဲ့ နိုင်ငံရေး အ ရွေ့တစ်ခုကို မြန်မာတွေအနေနဲ့လည်း စောင့်ကြည့့်ကြရမှာ ဖြစ်ကြောင်းရေးသားတင်ပြလိုက်ရပါတယ်။

Ref: Bangkok Post/Feature Photo:Nikkei Asian

Leave a comment

Your email address will not be published. Required fields are marked *