စွန့်ဦးတီထွင်လုပ်ငန်းရှင်တို့ရဲ့ စုံစည်းရာ wework။

ဒီနေ့လိုခေတ်ကြီးမှာ လုပ်ငန်းတစ်ခုလုပ်မယ်ဆို နေရာငှားခက စျေးအရမ်းများတာရယ် Network ကျဉ်းတာကြောင့်ရယ်ကြောင့် အခက်အခဲတွေ အများကြီးကြုံရတတ်ပါတယ်။ ဒီပြဿနာတွေက လုပ်ငန်းရှင်တိုင်း ကြုံတွေ့ရတဲ့ ပြဿနာမျိုးဖြစ်ပါတယ်။ နေရာငှားခလည်း သက်သာမယ်၊ လုပ်ငန်းရှင်တွေနဲ့လည်း network ချိတ်နိုင်မယ့်် နေရာမျိုးကို ဖန်တီးပေးတာက wework ဖြစ်ပါတယ်။

wework ဆိုတာက ဘာလဲ။

wework ဆိုတာက မြို့ကြီးပြကြီးတွေမှာ ခမ်းနားကြီးမားတဲ့အဆောက်အအုံ တစ်ခုထဲမှာ ရုံးတွေကို တစ်စုတစ်စည်းထဲ ထားထားပေးတဲ့နေရာ ဖြစ်ပါတယ်။ ဆိုပါစို့၊ သင်က လုပ်ငန်းတစ်ခု စလုပ်တယ်၊ စျေးလည်းသက်သာရမယ်၊ smart လည်းကျရမယ်၊ အခြားလုပ်ငန်းတွေနဲ့လည်း network ချိတ်နိုင်ရမယ်ဆို wework မှာ နေရာငှားနိုင်ပါတယ်။ သင့်မှာ ဝန်ထမ်းသုံးယောက်ပဲ ရှိတယ်ဆိုရင် ဝန်ထမ်းသုံးယောက်နဲ့ သင်နဲ့ တစ်နေရာစာ ရုံးခန်းကို လစဉ်ကြေးနဲ့ ငှားနိုင်ပါတယ်။ စျေးတွေက အမျိုးမျိုဖြစ်ပြီး တစ်လကို အနည်းဆုံး ဒေါ်လာ ၅၀၀ လောက်ကစပြီး သင်ငှားတဲ့ space အပေါ်မူတည်ပြီး စျေးနှုန်းတွေကလည်း ကွာသွားမှာ ဖြစ်ပါတယ်။ wework က အခြားလုပ်ငန်းကြီးတွေနဲ့လည်း လက်တွဲလုပ်ကိုင်ပါတယ်။ ဥပမာ facebook, samsaung နဲ့ အခြား company ကြီးတွေကလည်း wework space ကို ငှားပြီးရုံးခန်းတည်ပါတယ်။

wework ရဲ့ရည်ရွယ်ချက်က အသေးစားလုပ်ငန်းရှင်တွေကို တစ်စုတစ်ဝေးတည်း ပေးစုစည်းပြီး တိုင်ပင်ညှိနှိုင်းဆွေးနွေးလို့လွယ်ကူအောင်နဲ့ စီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်အလန်းတွေ တိုးတက်လာစေတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ wework ကို စတင်ခဲ့တဲ့ founders နှစ်ဦးက Adam Neumann နဲ့ Miguel Mckelvey တို့ပဲ ဖြစ်ပါတယ်။ အခုဆို စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ support ကို ရရှိလာပြီး wework က တစ်ဖြည်းဖြည်း ကြီးထွားလာတာ ဖြစ်ပါတယ်။ နိုင်ငံတစ်ကာမှာ wework space ကိုငှားလာနိုင်ပြီး စိတ်ချမ်းသာစွာနဲ့ အလုပ်တွေကို လုပ်နိုင်ပါတယ်။

wework က ပိုက်ဆံဘယ်လိုရှာပါသလဲ။

wework က အခုဆို public company အဖြစ်မှတ်ပုံတင်််််််််ထားပြီး company share တွေကိုလည်း ရောင်းချလျက်ရှိပါတယ်။ ဒါ့အပြင် လုပ်ငန်းရှင်တွေက ကောင်းတဲ့ business idea plan မျိုးရှိရင် wework က ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ပြီး ပူးပေါင်းပါတယ်။ ဒါ့အပြင် ကောင်းတဲ့ business plan တွေအတွက်လည်း မီလီယံနဲ့ချိီ ဆုတွေချတတ်ပါတယ်။ တစ်ကယ်တမ်း wework ရဲ့ စီးပွားရေးအရှုံးအမြတ်ကို ပြန်တွက်ကြည့်မယ်ဆို မြတ်တာထက် ရှုံးတာက ပိုများနေပါတယ်။ ၂၀၁၈ ခုနှစ်မှာ မီလီယံနဲ့ချီ အရှုံးပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုရပ်တည်နိုင်နေတာက Bank လုပ်ငန်းရှင်တွေက ရင်းနှီးမြှုပ်နှံမှုကြောင့် အများကြီးပါပါတယ်။

wework က အခုဆို wegrow, welive, webank စသဖြင့် အခွဲတွေတောင် ပေါ်လာပါပြီ။ welive မှာဆို အလုပ်လုပ်တဲ့လူတွေအတွက် အိမ်လိုနေစရာ အခန်းတွေပါ ပေးထားပါတယ်။ ဆိုလိုတာက အိမ်ကို သက်သက်ငှားစရာမလိုပဲ ဒီမှာပဲနေ ဒီမှာပဲ အလုပ်လုပ် အရာအားလုံး လိုလေသေးမရှိ အကုန်ရအောင် လုပ်ထားတဲ့နေရာ ဖြစ်ပါတယ်။ အကယ်၍ သင့်မှာ ကလေးရှိရင် ကလေးကိုပါ ကိုယ်အလုပ်လုပ်တဲ့နေရာမှာ မူကြိုတစ်ခါတည်း အပ်ထားလို့ရပါတယ်။ အဲ့လောက်ထိ ပြည့်စုံအောင် လုပ်ထားပေးပါတယ်။ နည်းပညာနဲ့ ပတ်သတ်တဲ့လုပ်ငန်းတွေ၊ အခြားစွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအတွက်တော့ အသိုက်အမြုံကောင်းတစ်ခုလိုပါပဲ။

wework အတွက်ကတော့ အရှုံးတွေပေါ်နေပေမယ့် အပြုံးမပျက် လုပ်ငန်းတွေတိုးချဲ့ဆက်လုပ်နေပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ Amazon, Google တို့လို အင်အားကြီးချင်လို့ဖြစ်ပါတယ်။ အနာဂတ်မှာ လာမယ့် လုပ်ငန်းရှင်မျိုးဆက်သစ်လေးတွေအားလုံးက wework နဲ့ လက်တွဲချင်စိတ်ဖြစ်အောင်နဲ့ လုပ်ငန်းအားလုံးကို သူ့အရိပ်အောက်မှာ ထားချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်ပါတယ်။ တစ်ချိန်မှာတော့ wework က အောင်မြင်လာမလား ရှုံးနိမ့်သွားမလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ wework က europe နိုင်ငံတွေနဲ့ အာရှမှာဆို ဗီယက်နမ်၊ ထိုင်း နဲ့ စင်ကာပူ နိုင်ငံမှာပါ ရရှိလာပြီ ဖြစ်ပါတယ်။ မြန်မာပြည်မှာ wework ရောက်လာရင်တော့ စွန့်ဦးလုပ်ငန်းရှင်တွေအတွက် အကျိုးရှိမှာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *