ဆန္ဒပြ ကျောင်းသားတွေကို သက်ဆိုင်ရာ တက္ကသိုလ်များမှ ပညာသင်ခွင့် ရပ်နားလိုက်ပါတယ်

စစ်အသုံးစရိတ် လျော့ချပြီး ပညာရေး ဘက်ဂျက်ကို တိုးမြှင့်ပေးဖို့ရန်အတွက် မန္တလေးရတနာပုံ တက္ကသိုလ်ကျောင်းသားတွ ဦးဆောင်ပြီး ဇန်နဝါရီလ ၂၂ရက်နေ့ကစပြီး သပိတ်စခန်းဖွင့်ပြီး သပိတ်မှောက်ခဲ့ကြပါတယ်။ ဇန်နဝါရီလ ၂၅ရက်နေ့မှာတော့ အစိုးရက အင်အားသုံးပြီး ကျောင်းသား ၇၂ယောက်ကို ခေါ်ဆောင်၍ သက်ဆိုင်ရာ မိဘများထံသို့ အပ်ခဲ့တယ်လို့သိရှိရပါတယ်။ ဇန်နဝါရီလ ၂၆ရက်နေ့မှာတော့ ဆန္ဒပြကျောင်းသားခေါင်းဆောင်တွေကို သက်ဆိုင်ရာ တက္ကသိုလ်တွေကနေ ထုတ်ခဲ့တယ်လို့သိရှိရပါတယ်။

နောက်ဆုံးရသတင်းအရ ဇန်နဝါရီလ ၂၇ရက်နေ့ ညနေပိုင်းအထိ ကျောင်းထုတ်ခံရတဲ့ ကျောင်းသားပေါင်း ၃၆ရောက်အထိရှိသွားပြီလို့ သိရှိရပါတယ်။ ဒီထဲမှာတော့ မန္တလေး ရတနာပုံ တက္ကသိုလ်က ၁၄ ယောက်၊ ရမည်းသင်း နည်းပညာ တက္ကသိုလ်က ၁၁ ယောက်၊ မိတ္ထီလာ စီးပွားရေး တက္ကသိုလ်က ၆ ယောက် ၊ မိတ္ထီလာ နည်းပညာ တက္ကသိုလ်က ၁ ယောက် နဲ့ မိုးညှင်း ဒီဂရီ ကောလိပ်က ၄ ယောက်တို့ ပါဝင်တယ်လို့ သိရှိရပါတယ်။

ယခုလို တက္ကသိုလ်မှ ရပ်နားခံလိုက်ရပေးမယ့် အသနားခံပြီး ကျောင်းပြန်တက်ခွင့်တောင်ဆိုမှာ မဟုတ်ပဲ ပညာရေး ဘက်ဂျက်တိုးဖို့အရေးကိုပဲ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကျောင်းသားတွေကပြောပါတယ်။

ယခုလိုကျောင်းထုတ်တာနဲ့ ပတ်သက်ပြီး အဆင့်မြှင့် ပညာရေးဦးစီးဌာန ဒုညွှန်ချုပ် ဒေါက်တာအောင်အောင်မင်းက သက်ဆိုင်ရာ တက္ကသိုလ်များ၏ စီမံခန့်ခွဲမှုအဖွဲ့ရဲ့ ဆုံးဖြတ်ချက်သာဖြစ်ပြီး ပညာရေးဌာန၏ ဖိအားပေးမှုမရှိဘူးလို့ တုံ့ပြန်ခဲ့သော်လည်း တချို့ တက္ကသိုလ်က ပါမောက္ခချုပ်တွေက အထက်အမိန့်ကြောင့် ကျောင်းထုတ်ရတာဖြစ်တယ်လို့ ကျောင်းသားတွေကို ပြောကြောင်း သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *