ဆန်ဖရန်ဆစ္စကိုတွင် e-cigarette ရောင်းချမှုကို တားမြစ်တော့မည်

San Francisco တွင် ဆေးလိပ်ဖြတ်ဖို့ရန်အတွက် အသုံးပြုကြတဲ့ E-cigarette (ခေါ်) Vape အား စျေးဆိုင်များတွင် ရောင်းချခွင့်နှင့် Online ပေါ်မှ အိမ်အရောက်ပို့ ဝန်ဆောင်မှုဖြင့် ရောင်းချခွင့်ကို ဇွန်လ ၂၅ရက် အင်္ဂါနေ့က တရား ဝင်ဥပဒေဖြင့် ပိတ်ရန်ညွှန်ကြားချက်ထုတ်ခဲ့ပါတယ်။ မြို့တော်ဝန် London Breed က ထိုဥပဒေကို အတည်ပြုလက် မှတ်ထိုးရန်အတွက် အချိန်(၁၀)ရက်ကျန်သေးတာဖြစ်ပါတယ်။

Californian အခြေစိုက် USရဲ့ အကြီးဆုံး e-cigarette ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Juul နှင့် အခြား e-cigarette ထုတ်လုပ်ရေးကုမ္ပဏီတွေကတော့ ယခုဥပဒေကို အပြင်းအထန်ကန့်ကွက်နေကြပါတယ်။ Juul ကုမ္ပဏီက ယခုလို e-cigarette ရောင်းချမှုပိတ်လိုက်ခြင်းအားဖြင့် အရွယ်ရောက်ပြီးသား ဆေးလိပ်စွဲသူများကို ဆေးလိပ်ပြန်လည် သောက် သုံးဖို့ရန်နှင့် တရားမဝင် ဆေးလိပ်ရောင်းဝယ်မှုများဖြစ်ပွားရေးကို ပြန်လည်အားပေးသကဲ့သို့ ဖြစ်နေတာဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။

Vaping ကိုကန့်ကွက်တဲ့အဖွဲ့တွေကတော့ Vape ထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ သူတို့ရဲ့ ထုတ်ကုန်များကို အသက် မပြည့်သေးသော လူငယ်များသောက်သုံးရန်အတွက် အရသာမျိုးစုံဖြင့် ဆွဲဆောင်နေတာဖြစ်ပြီး Vape ဆေးထဲတွင် နီကို တင်းကို ထည့်သွင်းထားသဖြင့် စွဲလမ်းမှုကို ဖြစ်စေတာဖြစ်ကြောင့် သိပ္ပံပညာရှင်များအနေဖြင့် ကျန်းမာရေးအတွက် သေချာစွာပြန်လည် စစ်ဆေးသင့်ကြောင်းနှင့် Vaping သုံးတဲ့လူငယ်များဟာ နောက်ပိုင်းမှာ cigarette ကိုပါ စွဲလမ်း သွားနိုင်ကြောင်း ပြောကြားနေကြပါတယ်။

မြို့တော်ဝန် London Breed ဟာ Vaping ကို ကန့်ကွက်သူများနှင့် ကုမ္ပဏီတို့ရဲ့ အကြားမှာ ၎င်းဥပဒေကို အတည်ပြုလက်မှတ်ထိုးရန်အတွက် အခက်အခဲဖြစ်နေပါတယ်။ မြို့တော်ဝန်အနေဖြင့် ဥပဒေကို အတည်ပြု လက်မှတ် ထိုးလိုက်မယ်ဆိုရင်ဖြင့် ၎င်းဥပဒေဟာ လက်မှတ်ထိုးပြီး နောက်၇လမှ အသက်ဝင်မှာဖြစ်ပြီး US တွင် ပထမဦးဆုံး Vaping ကို တားမြစ်တဲ့ ပြည်နယ်အဖြစ် သမိုင်းတွင်သွားမှာဖြစ်ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *