ဆန်ဖရန်ဆစ္စကိုအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပလက်စတစ်ရေဘူးများ ရောင်းချမှုကို တားမြစ်တော့မည်

ယခုလမှစပြီး San Francisco အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပလက်စတစ်ရောင်းချမှုကို တားမြစ်တော့မည် ဖြစ် ကြောင်း ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။ San Francisco ဟာ ၂၀၁၄ခုနှစ်ကတည်းက ပြည်တွင်းတွင် ပလက် စတစ် အသုံးပြုမှုကို လျော့ချဖို့ရန်အတွက် ဥပဒေများရေးဆွဲနေတာဖြစ်ပြီး ပထမခြေလှမ်းအနေဖြင့် ယခုလို အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ပလက်စတစ်ရေဘူးရောင်းချခွင့်ကို တားမြစ်လိုက်ခြင်းပဲဖြစ်ပါတယ်။

ဒါ့ကြောင့် လာမယ့်ဩဂုတ်လ၂၀ရက်နေ့ကစပြီး အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်းရှိစားသောက်ဆိုင်များ၊ကော်ဖီ ဆိုင် များနှင့် အအေးစက်များမှာ ပလက်စတစ်ရေသန့်ဘူးများကို ရောင်းချခွင့်ရတော့မှာမဟုတ်တဲ့အတွက် ခရီးသည် များ အနေဖြင့် သတ္တုဘူးများ၊ ဖန်ပုလင်းများဖြင့်သာ ရေသန့်ကိုဝယ်ယူရရှိနိုင်တော့မှာဖြစ်ပါတယ်။SanFrancisco ဟာ ပျမ်းမျှအားဖြစ်တစ်နှစ်ကို ပလက်စတစ်ရေသန့်ဘူးပေါင်း ၄သန်းလောက် အသုံးပြုနေတာဖြစ်တယ်လို့ သိရပါတယ်။

San Francisco မြို့တော်စီမံကိန်းတွင် နောက်(၂)နှစ်အတွင်း ပလက်စတစ်အသုံးပြုမှုလုံးဝမရှိဖို့နှင့် ကာဘွန် ထုတ် လုပ်မှုကိုလည်း ရပ်တန့်ဖို့ ပါဝင်တယ်လို့သိရှိရပါတယ်။

Source : FOX News

Leave a comment

Your email address will not be published. Required fields are marked *