ဆန်ဖရန်ဆစ္စကို မှာ လုံခြုံရေးအတွက် အသုံးပြုမယ့် မျက်နှာဖတ်တဲ့ facial recognition နည်းပညာကို ပယ်ဖျက်

လုံခြုံဆိုင်ရာကိစ္စရပ်များမှာ အသုံးပြုဖို့အတွက် အသစ်ထွက်ပေါ်လာတဲ့ မျက်နှာ ဖတ်တဲ့Facial Recongnition နည်း ပညာကိုအသုံးပြုဖို့ ဆန်ဖရန်ဆစ္စကို ရှိ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အာဏာပိုင်များနဲ့ ဥပဒေပြုရေးအဖွဲ့မှ ငြင်းပယ် ခဲ့ ပါတယ်။

Facial Recongnition နည်းပညာဆိုတာ လူတစ်ဦးရဲ့မျက်နှာကိုဖတ်ပြီး ထိုသူက မည်သူဖြစ်သည်၊ ဘယ်နေ ရာ တွင် နေသည်၊ ဘယ်ဖုန်းနံပါတ်ကိုအသုံးပြုနေသည်၊ အစရှိတဲ့ လူတစ်ဦးရဲ့ အသေးစိတ်အချက်အလက်တွေကို ဖော်ပြပေး နိုင် မယ့် နည်းပညာဖြစ်ပါတယ်။

အဲဒီ နည်းပညာကို လေဆိပ်များ၊ သင်္ဘောဆိပ်များ၊ သယ်ယူပို့ဆောင်ရေးကိစ္စရပ်များနှင့် ရဲများ အစရှိတဲ့ လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များတွင် အဓိကထား အသုံးပြုဖို့ရန်အတွက် တီထွင်ခဲ့တာဖြစ်ပါတယ်။ သို့သော် ဥပဒေပြုရေးအဖွဲ့၏ ပြောပြ ချက်အရ အဲဒီ နည်းပညာမှာ အားနည်းချက်အချို့ရှိနေသေးကြောင်း သိရှိရပါတယ်။ ဥပမာအားဖြင့် အသားမဲတဲ့ လူ တွေကို ဖတ်ရာမှာ မှားယွင်းတဲ့ အချက်အလက်တွေကို ဖော်ပြနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီနည်းပညာ အား နည်းချက်အပေါ်အသုံးချပြီး ဒုစရိုက်မှုများလည်း ပိုမိုတိုးပွားလာနိုင်တာဖြစ်တဲ့အတွက် အသုံးပြုဖို့ ငြင်းပယ်ခဲ့တာ ဖြစ်တယ် လို့ သိရပါတယ်။

Facial Recongnition နည်းပညာကို အားနည်းချက်မရှိပဲ ဒီထက်ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ပြီးမှသာ အ သုံး ပြုဖို့အတွက် ပြန်လည်စဉ်းစားသွားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ ယခုလက်ရှိမှာတော့ San Francisco တစ် မြို့လုံးမှာလုံခြုံရေးအတွက်CCTVစောင့်ကြည့်ရေးကင်မရာတွေတပ်ဆင်ထားပြီဖြစ်တဲ့အတွက်FacialRecongnition နည်း ပညာအဆင်သင့်ဖြစ်တဲ့အခါမှာအသုံးပြုဖို့အတွက်အသင့်အနေအထားမှာရှိနေပြီဖြစ်ပါတယ်။Facial Recongnition နည်းပညာအဆင်သင့်ဖြစ်ပြီးလို့ စတင်အသုံးပြုမည်ဆိုပါက ပထမဦးစားပေးအနေဖြင့် ရဲတွေ အသုံးပြုခွင့်ရမှာ ဖြစ် တယ် လို့လည်း သိရှိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *