ဆယ်ကျော်သက်လူငယ်ဘဝက ဓါးထိုးမှုကျူးလွန်ခဲ့ခြင်းကြောင့် ထောင်အနှစ် ၆၀ ကျော်ကျနိုင်ဖွယ်ရှိ

Pittsburgh မြို့ရှိ လူငယ်တစ်ယောက်ဟာ အထက်တန်းကျောင်းသားဘဝတွင် ဓါးထိုးမှုကျူးလွန်ခဲ့တာကြောင့် ထောင်ဒဏ်အနှစ် ၆၀ကျော်ကျနိုင်ဖွယ် ရှိနေပါတယ်။ တရားခံ Alex Hribal မှာ ယခု အသက်၂၀ ရှိပြီး ၁၆ နှစ်သား အထက်တန်းကျောင်းသားဘဝတွင် ကျောင်းသားအယောက်နှစ်ဆယ် နှင့် လုံခြုံရေးဝန်ထမ်းတစ်ယောက်ကို ဓါးထိုးမှုဖြစ်ပွားခဲ့ပါတယ်။

ဓါးထိုးခံရသူ ၂၁ယောက်လုံးမှာ အသက်ရှင်ခဲ့သော်လည်း အချို့မှာ ခွဲစိတ်ကုသမှု ခံယူနေရပါတယ်။ တရားရုံးမှ Alex Hribal အား အောက်တိုဘာ ၂၀၁၇ တွင် ပြစ်မှုထင်ရှားကြောင်း အမိန့်ချမှတ်ခဲ့ပြီး ရှေ့နေများက နှစ်၆၀ကျော် ထောင်ဒဏ်ကျနိင်ကြောင်း ပြောဆိုခဲ့ပါတယ်။ Hribal ၏ရှေ့နေမှ စိတ်ရောဂါ တစ်ခုကြောင့် ပြစ်မှုကျူးလွန်မိ၍ ပြစ်မှုမမြောက်ကြောင်း အယူခံတင်သွင်းခဲ့သော်လည်း တရားသူကြီးက အဆိုကို ငြင်းပယ်ခဲ့တယ်လို့သိရပါတယ်။ တရားသူကြီးမှ Hribal အားဒဏ်ကြေးအနေဖြင့် ကန်ဒေါ်လာသိန်းရာချီ ပေးရန် အမိန့်ချမှတ်သော်လည်း Hribal ၏ မိဘများက သူတို့တွင် တာဝန်မရှိကြောင်းငြင်းဆိုခဲ့ပါတယ်။ Hribal ၏ရှေ့နေThomassey က Hribal မှာ အမှန်တကယ်စိတ်ရောဂါတစ်ခုရှိကြောင်း ပြောဆိုခဲ့ပြီး တရားသူကြီး၏ အမိန့်ချမှတ်မှုကို စိတ်ပျက်မိကြောင်း ပြောဆိုခဲ့သည်။

ပြစ်မှုမှာ ဧပြီ၉ရက် ၂၀၁၄တွင် ကျောင်းခန်းမအတွင်း ဖြစ်ပွားခဲ့ပြီး ထိုစဉ်ကရဲအရာရှိများ ဝင်ရောက်ထိန်းသိမ်း ခဲ့ရပါတယ်။

ရှင်းလင်းချက်။ ။ ဤဖြစ်စဉ် နှင့်ခေါင်းကြီးပိုင်း သတင်းကို Alex Hribal ၏ ယခုအသက်ရောက်မှ မှတ်တမ်းတင်ခဲ့ခြင်းဖြစ်သည်။ ပြစ်မှုကျူးလွန်၍ Hribal ဖမ်းဆီးခံရစဉ်က ဆယ်ကျော်သက်အရွယ်သာရှိသေးသည်။

Leave a comment

Your email address will not be published. Required fields are marked *