ဆယ်ကျော်သက် ကောင်လေးမှ အသက်၉၄နှစ်အရွယ်အဖွားအိုအား မုဒိန်းကျင့်မှုဖြစ်ပွား

အိုဟိုင်းရိုးပြည်နယ်မှ အသက်၁၈နှစ်အရွယ် ဆယ်ကျော်သက် လူငယ်တစ်ယောက်ဟာ အိမ်နီးနားချင်း အဘွားအိုတစ်ယောက်ကို မုဒိန်းကျင့်ပြီး လက်နှိပ်ဓါတ်မီးနဲ့ ရိုက်သတ်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

ပြစ်မှုကျုးလွန်သူမှာ Jacob LaRosa အမည်ရပြီး မုဒိန်းကျင့်မှု၊ လူသတ်မှုနဲ့ တရားရုံးမှာ တရားစွဲဆို ခံထားရပါတယ်။ တရားသူကြီးက ပြစ်ဒဏ်မချမှတ်သေးသော်လည်း ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျနိုင်ဖွယ်ရှိပါတယ်။ အမှုမှာ မတ်လ၂၀၁၅တွင်ဖြစ်ပွားခဲ့ပြီး LaRosa မှာ၁၅ကြိမ်တိုင်တိုင် ဖမ်းဆီးခံခဲ့ရကြောင်း ရဲအရာရှိများကပြောကြားခဲ့ပါတယ်။

သေဆုံးသူအဘွားအိုမှာ သွေးအိုင်ထဲတွင် သေဆုံးပြီးနောက် LaRosa ကိုရဲများက ဖမ်းဆီးခဲ့ပါတယ်။ Rosa ၏ရှေ့နေက အပြစ်မရှိကြောင်း ထွက်ဆိုသော်လည်း တရားရုံးက အဆိုကိုပယ်ချခဲ့ပါတယ်။ တရားခံကို လာမည့် ဧပြီ ငါးရက်နေ့တွင် ထောင်ဒဏ် ချမှတ်မည်ဟုလည်း တရားရုံးကတစ်ဆင့် သိရှိခဲ့ရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *