ဆယ်စုနှစ်တစ်ခုကြာပြီးနောက် ပါကစ္စတန်သို့ပြန်လည်ပြေးဆွဲတော့မည့် ဗြိတိသျှ လေကြောင်းလိုင်း

၂၀၀၈ ခုနှစ်က ပါကစ္စတန်မြို့တော် Islamabad တွင် ဗုံးကွဲမှုကြောင့် လူ (၅၀)ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။ ထို အမှုအပြီးမှာပဲ British Airways ဟာ ပါကစ္စတန်သို့ လေယာဉ်ပြေးဆွဲရန် ရပ်တန့်ခဲ့တာဖြစ်ပါတယ်။ သို့သော် ယခု ဇွန်လ ၂ရက် တနင်္ဂနွေနေ့ကစပြီး British Airways ဟာ လန်ဒန်ဟိသရိုး လေဆိပ်မှ ပါကစ္စတန်သို့ Boeing 787s လေယာဉ်များဖြင့် တစ်ပတ် (၃)ကြိမ်ပြေးဆွဲသွားမှာဖြစ်ကြောင်း ပြန်လည်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒါဟာ ပါကစ္စတန်အတွက် သတင်းကောင်းတစ်ခုပဲဖြစ်ပါတယ်။ ယခုအခိန်မှာ အနောက်တိုင်း လေကြောင်း လိုင်းတွေ ထဲတွင် British Airways ဟာ ပါကစ္စတန်သို့ ပြေးဆွဲတဲ့ တစ်ခုတည်းသောလေကြောင်းလိုင်းဖြစ်သွားပြီ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့မတိုင်မီအထိ ဗြိတိန်နဲ့ ပါကစ္စတန်သို့ ပြေးဆွဲတဲ့လေကြောင်းလိုင်းဆိုလို့ ပါကစ္စတန် မှ PIA လေကြောင်း လိုင်းတစ်ခုပဲရှိခဲ့တာဖြစ်ပါတယ်။

၂၀၀၈ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၊ Islamabad မြို့တော်ရှိ Marriott ဟိုတယ် အပြင်ဘက်တွင် ကုန်ကားငယ်လေးဖြင့် အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့ပါတယ်။ ၎င်းအမှုကြောင့် လူ (၅၄)ဦးသေဆုံးခဲ့ပြီး ၂၅၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ထိုအမှုဖြစ်ပွားပြီး British Airways က သူတို့၏ ခရီးသည်များ၊ ဝန်ထမ်းများနှင့် လေယာဉ်များ ရဲ့လုံခြုံရေး စိတ်မ ချရ တဲ့အတွက် ပါကစ္စတန်သို့လေယာဉ်ပြေးဆွဲခြင်းကို ရပ်တန့်မည်ဖြစ်ကြောင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

2018 ခုနှစ်တွင် ပါကစ္စတန်က Islamabad တွင် လုံခြုံရေးကိုတိုးမြှင့်ထားပြီး စနစ်တကျပြုလုပ်ထားတဲ့ လေယာဉ် ကွင်းအသစ်ကို တည်ဆောက်ပေးခဲ့ပါတယ်။ ထို့နောက် British Airways က ဒီဇင်ဘာလတွင် ပါကစ္စတန်သို့ ပြန်လည် ပြေးဆွဲမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး ယခုအချိန်မှာတော့ လက်တွေ့ပြေးဆွဲနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ပါကစ္စတန်ရှိ ဗြိတိန် သံ အမတ်ကြီး Thomas Drew က နောက်ပိုင်းတွင် ဗြိတိန် ကုမ္ပဏီများက ပါကစ္စတန်သို့ စီးပွားရေး လာရောက် လုပ် ကိုင်ကြတော့မှာ ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *