ဆားကို အသုံးချပြီး အကျိုးကျေးဇူးတွေရယူကြမယ်

သင့်ဆံပင်တွေကျွတ်လို့ စိတ်ညစ်နေပါသလား။ Shampoo တွေ၊ Conditioner တွေ ၊ Serum တွေ သုံးလို့တောင် မရတော့ဘူးလား။ ဒါတွေထက်ကောင်းတာရှိပါတယ်။ အဲဒါကတော့ ဆား ပါ။ သင့် အသားအရေနဲ့ ဆံပင်အတွက် ဆားကို ဘယ်လိုသုံးမလဲသိလိုသလား။ အောက်မှာ ဖော်ပြပေးသွားပါမယ်။

၁။ အဆီပြန်တဲ့ ဆံကေသာပိုင်ရှင်တွေအတွက် ဆားဟာ ဦးရေပြားက အဆီဂလင်းတွေကို ထိန်းပါတယ်။ ခေါင်းလျှော်စဉ် ဆား(၃)ဇွန်းနဲ့ ပွတ်တိုက်ပေးပါ။

၂။ ဗေါက်ထပါကလည်း ဆားဟာ သွေးလည်ပတ်မှုကိုကောင်းပြီး ဆဲလ်သေတွေကို လျော့နည်းစေတဲ့အတွက် အသုံးပြုနိုင်ပါတယ်။

၃။ ဦးရေပြားမှာလည်း မှိုစွဲခြင်းမရှိစေရန် ဆားဖြင့် (၁၀)မိနစ်ခန့် နိုပ်နယ်ပေးရုံဖြင့် ပျောက်ကင်းစေပါတယ်။

၄။ ဆံပင်ကိုလည်း သန်စွမ်းနက်မှောင်စေပါတယ်။

၅။ ဆားအမျိုးမျိုးရှိတဲ့ထဲကမှ ပင်လယ်ဆားဟာ အကောင်းဆုံးပါ။ အကျိုးကျေးဇူးလည်း အများကြီးရှိပါတယ်။

၆။ တိုနာအနေဖြင့်လည်း သုံးခြင်းဖြင့် အဆီကို ထိန်းညှိပေးပါတယ်။ ရေ(၄)အောင်စကို ပင်လယ်ဆားတစ်ဇွန်းရောပြီး အသုံးပြုရုံပါပဲ။

၇။ အသားအရေအတွက်လည်း ဆားဖြင့် ပွတ်တိုက်ပေးခြင်းဖြင့် ချော့မွေပြီး ဆဲလ်သေများကို ဖယ်ရှားပေးနိုင်ပါတယ်

၈။ ပင်လယ်ဆား(၂)ဇွန်း၊ ပျားရည်(၄)ဖွန်းကို ရောပြီး မျက်နာမှာ (၁၅)မီနစ်ခန့် လိမ်းပြီး ရေဆေးရုံဖြင့် ကြည်လင်သော အသားအရေကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *