ဆီးချိုဝေဒနာရှင်များ စားသုံးသင့်တဲ့ အစားအစာ ၆ မျိုး

ပန်းဖူးစိမ်း

ပန်းဖူးစိမ်း ကတော့ ဆီးချိုရောဂါကို တိုက်ဖျက်နိုင်တဲ့ အကောင်းဆုံးအစားအစာတစ်ခုပါ။ ရောင်ရမ်းမှုတွေကို သက်သာစေရုံသာမက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး နှလုံးသွေးကြောဆိုင်ရာရောဂါများကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

Broccoli

ဘလူးဘယ်ရီ

ဘလူးဘယ်ရီမှာ ပျော်ဝင်နိုင်သော အမျှင်ဓာတ်နဲ့ မပျော်ဝင်နိုင်သော အမျှင်ဓာတ်တွေပါ ပါဝင်ပါတာကြောင့် အစာအိမ်အတွက် အထောက်အကူပြုပြီး သွေးတွင်းသကြားဓာတ် ထိန်းညှိမှုကို မြင့်တက်လာစေပါတယ်။

blueberries

ငါး

ငါးမှာ ပရိုတင်းဓာတ်ပြည့်ဝစွာပါဝင်တဲ့အပြင် ငါးမှာပါဝင်တဲ့ omega-3 fatty acid က ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ရုံသာမက လေဖြတ်ရောဂါဖြစ်ပွားမှုကိုပါ လျော့ကျစေပါတယ်။

သံလွင်ဆီ

သံလွင်ဆီက ဆီးချိုရောဂါ (၂) မျိုးလုံးကို သက်သာစေပါတယ်။ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်တဲ့အပြင် ဆဲလ်များထိခိုက်မှုမရှိအောင် ကာကွယ်ပေးခြင်း၊ နှလုံးရောဂါဖြစ်ပွားမှုများကို ကာကွယ်ပေးခြင်း စတဲ့ အစွမ်းသတ္တိများလည်း ရှိပါတယ်။

olive

ဟင်းနုနွယ်ရွက်

ဟင်းနုနွယ်ရွက်မှာ ဗီတာမင် K နဲ့ အခြားသတ္ထုဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ဆီးချိုရောဂါကို သက်သာစေပါတယ်။

spinach

ကန်စွန်းဥ

ကန်စွန်းဥမှာပါဝင်တဲ့ သဘာဝရောင်ခြယ်ပစ္စည်းက အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း၊ ရောင်ရမ်းမှုများကို သက်သာစေခြင်း၊ ဗိုင်းရပ်စ်နဲ့ ပိုးမွှားများကို ကာကွယ်ပေးနိုင်ခြင်း စတဲ့အစွမ်းသတ္တိများပါရှိပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *