



Unicode :ဆီးဂိမ်းတွင် အင်ဒိုနီးရှားအလံအား ပြောင်းပြန်ဖော်ပြမှုနှင့်ပတ်သတ်၍ မလေးရှားဝက်ဘ်ဆိုဒ်များ တိုက်ခိုက်ခံရ

malayweb

လက်ရှိကျင်းပနေတဲ့ ဆီးဂိမ်းပြိုင်ပွဲမှာ မလေးရှားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိပြီး အင်ဒိုနီးရှားအလံကို ပြောင်းပြန်ဖော်ပြခဲ့မှုကြောင့် အင်ဒိုနီးရှားပြည်သူများအား ဒေါသထွက်စေခဲ့ပါတယ်။ ဒါကြောင့် မလေးရှားဝက်ဘ်ဆိုဒ်ပေါင်း ၂၇ ခုကို အင်ဒိုနီးရှား ဟက်ကာများမှ တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါတယ်။

hacker rulez လို့ အမည်ရတဲ့ အင်ဒိုနီးရှားဟက်ကာများဟာ မလေးရှားဝက်ဘ်ဆိုဒ်အတွင်းမှာ ” ငါတို့နိုင်ငံအလံဟာ ကစားစရာမဟုတ်ဘူး” လို့ရေးသားထားပါတယ်။ အလံပြောင်းပြန်ဖော်ပြမှုနဲ့ ပတ်သတ်ပြီး မလေးရှား လူငယ်နှင့် အားကစားရေးရာဝန်ကြီးမှ တရားဝင်တောင်းပန်ထားကြောင်းလဲ သိရပါတယ်။

မလေးရှားဟာ ၂၀၁၇ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပတာဖြစ်ပြီး အဆင်မပြေမှုများစွာနဲ့ ကစားပွဲတွေမှာ ဘက်လိုက်မှုတွေကြောင့် လူအများရဲ့ ပြောဆိုအပြစ်တင်ဝေဖန်ခံနေရတာဘဲ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *