ဆူဒန်တွင် ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးအသုံးပြုပြီး စတင်တိုက်ခိုက်

ဆူဒန်သမ္မတ Omar al-Bashir ဟာ နိုင်ငံကို အုပ်ချုပ်နေတာ နှစ်ပေါင်း ၃၀ကျော်ပြီးဖြစ်ပါတယ်။ Omar al-Bashir ဟာ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ်တွေမှာ အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံးမှ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ဆန့်ကျင်ခြင်းပြစ်မှုတွေနဲ့ စွဲချက်တင်ထားပြီး ဖမ်းရန်ဝရမ်းထုတ် ခံထားရသူဖြစ် ပါတယ်။အမရေိကန်ကလည်း ဆူဒန်ကို လွန်ခဲ့တဲ့ နှစ် ၂၀လောက်ကစပြီး ထောက်ပံ့မှုတွေ ပိတ်ဆို့ထားတဲ့အတွက် ဆူဒန်ရဲ့ စီးပွားရေးအခြေအနေတွေက တဖြည်းဖြည်းနဲ့ ကျဆင်းလာပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ သမ္မတ Bashir ဟာ ဓာတ်ဆီဈေးနဲ့ ပေါင်မုန့်ဈေးတွေ ထပ်တက်မည်ဖြစ်ကြောင်းကို ကြေ ငြာခဲ့ပြီးနောက် ပြည်သူတွေက ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အဆုံး ဆန္ဒပြမှုကြီး စတင်ခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြသူ တွေဟာ တစ်ရက်ထက် တစ်ရက်များလာပြီး နေ့ရောညပါ သမ္မတရုံးရှေ့မှာ ဆန္ဒပြနေကြတာဖြစ်ပါတယ်။ ဧပြီလ ၇ ရက်နေ့ညမှာ စစ်တပ်က မျက်ရည်ယိုဗုံးကို သုံးပြီးဆန္ဒပြသူများကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ များပြားလှတဲ့ စစ်ကားတွေဟာ ဆန္ဒပြသူများရှိရာကို ရုတ်တရက် ရောက် လာပြီး မျက်ရည်ယိုဗုံးများ ပြစ်ခတ်ကာ ဆန္ဒပြသူများကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ရဲများက ၎င်းတိုက်ခိုက် မှုကြောင့် လူတစ်ဦးသေဆုံးခဲ့တယ်လို့ ပြောသော်လည်း ဒေသတွင်းမီဒီယာများကတော့ ၅ဦးထက်မနည်း သေဆုံးခဲ့တယ် လို့ ပြောကြားခဲ့ပါတယ်။ ယခုဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲအတွင်း သေဆုံးသူစုစုပေါင်း ၅၁ ဦးကျော်နေပြီးဖြစ်သော်လည်း တရား ဝင်ကြေငြာတာကတော့ ၃၂ဦး ပဲသေဆုံးကြောင်း ကြေငြာခဲ့တယ်လို့ သိရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *