ဆောင်းတွင်းအအေးဒဏ်ကို အံတုပြီး ရေအောက်တွင် မင်္ဂလာဆောင်ခဲ့သည့်စုံတွဲ

ဆောင်းရာသီရောက်လာပြီဆိုရင် ရေချိုးဖို့ပျင်းတဲ့သူတွေ ဒုနဲ့ဒေး ရှိနေမယ်ဆိုတာ ကျွန်တော်ရဲရဲကြီးအာမခံပါတယ်။ ဒါပေမယ့်လည်း အအေးဒဏ်ကို ကြောက်ဖို့နေနေသာသာ မင်္ဂလာတောင်ဆောင်တဲ့ စုံတွဲတစ်တွဲရှိပါတယ်။

အမျိုးသားကတော့ ဗြိတိန် တပ်ကြပ်ကြီး တစ်ဦးဖြစ်ပြီး အမျိုးသမီးကတော့ ရေငုပ်တာကို သင်ကြားပေးတဲ့ ညွှန်ကြားရေးမှုးဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ရေအောက်မှာ မင်္ဂလာဆောင်ဖို့အတွက် ရေငုပ်ခဲ့ကြပါတယ်။

 

လီစက်စတာက သောမတ် မိုးလ် နဲ့ အမေရိကန်က ဆန်ဒြာ တို့ဟာ ပုံမှန်မဟုတ်တဲ့ ပုံစံနဲ့ ပြဇာတ်ဆန်ဆန် ဖလော်ရီဒါကအချက်အချာကျတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ အမျိုးသား ရေကြောင်း ဘေးမဲ့ဇုန်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီစုံတွဲဟာ လေးနှစ်ကျော်ကြာ လက်တွဲလာခဲ့ကြတာဖြစ်ပြီး လာဂိုက မိုလက်စ်စက်ရဲ့သန္တာကျောက်တန်း မရှိတဲ့နေရာမှာ လက်ထပ်ကတိကဝတ် ထားဖို့အတွက် ရေစိုခံ တက်ပလက် တွေကို အလဲအလှယ်ပြုခဲ့ကြပါတယ်။

သူတို့ဟာ နွေရာသီမှာ အင်္ဂလိပ် ချာပ် ကျောင်းအဟောင်းမှာ မင်္ဂလာဆောင်ဖို့စီစဉ်ထားကြပေမယ့် ရေအောက်မှာပဲ လုပ်ဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့အတွက် ကုန်ကျစရိတ်သက်သာ စေပါတယ်။

သောမတ်ဟာ ဆန်ဒြာကို ၂၀၁၃ မှာတွေ့ခဲ့ပြီး သူမဟာ ရေငုပ်သမားတွေကို ညွှန်ကြားတဲ့သူအဖြစ်နဲ့ ဆောင်ရွက်နေတဲ့အချိန်၊ သူက ဖလော်ရီဒါ စစ်တပ်နဲ့ ရေငုပ်ဖို့ ခရီးထွက်တဲ့အချိန်မှာ တွေ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်လုပ်ကြပြီး အမေရိကန်မှာတစ်လှည့် အင်္ဂလန်မှာတစ်လှည့် နဲ့ အကြိမ်ပေါင်းများစွာ ချိန်းတွေ့ကြတာလည်းဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ ဟန်းနီးမွန်း ခရီးစဉ်အတွက် ဖလော်ရီဒါကိုရောက်ရှိနေပြီး အင်္ဂလန်ကို ပြန်ပြီး အခြေချနေထိုင်ကြမှာလည်းဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *